အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,193
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

ရွက်ဝါလိုက်နေလိုပါဆရာတို့ ဘာလိုအပ်လည်းအလင်းပြပေးကြပါအုးံ

ပိုးမွှားရောဂါ ပဲတီစိမ်း ပဲတီစိမ်းအရွက်ဝါပြဿနာ
Post image
Post image
Post image
11

ဖြေကြားချက် ၁၁ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ပြီးတော့လေ အားဆေးမေးထားတာလည်းတွေ့လို့ပါ အပင်ရောဂါဖြစ်နေချိန်မှာ အားဆေးမပေးသင့်ပါဘူးရှင့် လူတွလိုပါပဲ ရောဂါကိုအရင်ပျောက်အောင်ကုပြီးမှသာအားဆေးပေးသင့်ပါတယ်

3,193 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကျေးဇူးပါဗျာ

100,154 လွန်ခဲ့သော ၆ နှစ် က

မှိုဆေးနဲ့ဒီရောဂါနဲ့တော့ မဆိုင်ဘူးရှင့် သူက ပျတို့ ယင်ဖြူတို့လို စုပ်စားပိုးတွေ ကြောင့် ဖြစ်တဲ့ ဗိုင်းရပ်စ်ရောဂါမလို့ပါ အဲ့ပိုးတွေကိုပဲ မကျအောင် ကြိုကာကွယ်ရမှာပါ ပင်လုံးပြန့်ဆေးတွေဖျန်းပေးရမှာပါ တစ်ခင်းမှာ ၁၀အထက်ရှိနေပြီဆို အခင်းက အခြေအနေမကောင်းပါဘူး နောက်ထပ်စိုက်ရင် yellow sticky trapတွေထောင်ပါ အလွယ်လုပ်လို့ရပါတယ် အဝါရောင်ကတ်ပေါ်မှာ vaseline gel နဲ့ ပန်းကန်ဆေးဆပ်ပြာဆီရောပြီးသုတ်ပေးပါ အဲ့လိုအလွယ်လုပ်လို့ရပါတယ်

3,193 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့အားလုးံ ကျေးဇူးပါ

23,505 လွန်ခဲ့သော ၆ နှစ် က

ယင်ဖြူနဲ့ဗိုင်းရပ်ခိုအောင်းစေသောပေါင်းမြက်များကိုရှင်းလင်းပါ

23,505 လွန်ခဲ့သော ၆ နှစ် က

အပင်ကိုယင်ဖြူမကျရောက်အောင်တားဆီးနိုင်ခြင်းသည်ရောဂါဖြစ်ပွားမှုကိုရပ်တန့်စေပါတယ်

23,505 လွန်ခဲ့သော ၆ နှစ် က

ဖြစ်ပြီးသားအပင်မရတော့ပါ

23,505 လွန်ခဲ့သော ၆ နှစ် က

ထိုးဖောက်စိမ့်ဝင်အားကောင်းသောဆေးနီယိုတီကိုတီနွိုင်းအုပ်စုပ်ဝင်ဆေးများဖြင့်နှိမ်နင်းပါ

23,505 လွန်ခဲ့သော ၆ နှစ် က

ယင်ဖြူကိုနှိမ်နင်းပါ

3,193 လွန်ခဲ့သော ၆ နှစ် က

ဟုတ် ရေဆင်း ၁၄ပါခင်ဗျာ အပင်တွေနုတ်တာလည်း၃ ကြိမ်ရှိပြီ အနိုင်ဘူး မှိုဆေးဖျန်းရတာလည်း ၄ကြိမ်ရှိပြီးဗျာ

100,154 လွန်ခဲ့သော ၆ နှစ် က

တစ်ခင်းလုံးမကူးခင် နှူတ်ပစ်တာ ပိုကောင်းပါတယ် နှုတ်ပစ်တဲ့လက်နဲ့လည်း အခြားအပင်တွေကို မကိုင်ပါနဲ့ တစ်ခင်းလုံး Yellow mosaic virus ကျသွားရင် ကုစရာဆေးမရှိလို့ မကျခင် ကြိုတင်ကာကွယ်တာ ပိုကောင်းပါတယ် ခံနိုင်ရည်ရှိတဲ့ မျိုးတွေ စိုက်တာပိုကောင်းပါတယ် ရေဆင်း-၁၄ ကတော့ ခံနိုင်ရည်ရှိတဲ့ မျိုးလို့လူသိများကြပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။