ဖြေကြားချက် ၂ ခု
ယခုပြောပြမည့်နည်းမှာ သပ်ထိုးကိုင်းကူးနည်းဖြစ်ပြီး အောက်ခံ ပျိုးပင်များဝယ်ရန်လဲ လိုအပ်ပါတယ်။ အောက်ခံပျိုးပင်ရွေးချယ်ခြင်းက အရေးကြီးပြီး ရောဂါကင်းကာ နှစ်ခြင်းပေါက်ပျိုးပင်ဖြစ်သင့်ပါတယ်။အညာဘက်က ပင်စည်နီကျင့်ကျင့်ရောင်ရှိတဲ့ အောင်သပြေပင်ကိုသုံးသင့်ပါတယ်။ ပထမဆုံး မိမိကိုင်းကူးချင်တဲ့ မိခင်ပင်မှ အရွက်ရင့်ပြီးအဖျားကိုင်းမာများကို ၆လက်မခန့်ဖြတ်ယူပါ။ ထို့နောက် အောက်ခံပျိုးပင်များကို ၄ လက်မချန်၍ထိပ်ပိုင်းဖြတ်ပေးပြီး ဖြတ်ထားတဲ့နေရာမှ အလည်တည့်တည့် တစ်လက်မခန့် ခွဲချပါ။ မျိုးကိုင်းဖြတ်များကို V ပုံသဏ္ဍန်သပ်၍ တစ်လက်မခန့် ခွဲထားသောအောက်ခံပျိုးပင်မှာ အလည်တည့်တည့်ထိုးထည့်ပါ။ ထို့နောက် စားပွဲခင်းဖြတ်ပိုင်းစဖြင့် ဆက်ထားတဲ့နေရာလုံအောင် စည်းပတ်ပေးပါ။ ၎င်းကိုင်းကူးထားသောအပင်များကို ပလက်စတစ်အကြည် မိုးကာအောက် မြေကြီးအစိုဓာတ်ပေး၍ ထားပေးပါ။ အောက်ခံပျိုးပင်များမှ ထွက်လာသည့် အတက်များဖြတ်ပေးပါ။နှစ်လခန့်အကြာတွင် မျိုးကိုင်းမှ အညွှန့်များထွက်လာပါက အမိုးအောက်မှ ထုတ်ပေးပါ။ ၂ပေလောက် အပင်အရွယ်ရောက်ပါက မြေချစိုက်လို့ရပါပြီ။ ဤနည်းကိုDrအုန်းမြင့်ရေးသော ဆောင်းပါးမှ အကျဥ်းချုပ်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သ ပြေ ကိုင်းဘယ်လိုကူးလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
အာဆီယံ သပြေပင်အတွက် ဘယ်လိုမြေသြဇာ အသုံးပြု ကြလည်းခမျ သိတဲ့သူတွေ လမ်းညွှန်ပေးပါအုန္း
ဖြေကြားချက် 1 ခု
ခရေပင်ကိုဘယ်လိုစိုက်ရပါသလဲ။ ပျိုးပင်ကိုပန်းအိုးအကြီးထဲထည့်စိုက်တာညှိုးသွားလို့ပါ။ရေကော်ကြိုက်လားခင်ဗျာ့။
ဖြေကြားချက် 2 ခု
အောင်သပြေစိုက်ချင်လို့ ရန်ကုန်မှာ အောင်သပြေငုတ်တွေ ဘယ်မှာဝယ်ရလဲ စျေးနူန်းလဲ သိချင်ပါတယ် အောင်သပြေ ငုတ်စိုက်...
ဖြေကြားချက် 2 ခု
ခရေပင်ကိုကိုင်ကူးလို့ရလားဆရာ ဘယ်လိုကူးရမလဲသိချပါတယ်
ဖြေကြားချက် 2 ခု