အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,097
လွန်ခဲ့သော ၆ နှစ် က · တောင်တွင်းကြီး

၄၅"ရက်သားရှိလို့ ဈေးကွက်မျှော်ပြီဗျိ ု့ တောင်သူလယ်သမားပြည်သူများအားလုံး ကိုယ်စိတ်ကျန်းမာကြပါစေခင်ဗျာ

စိုက်ပျိုးစီးပွား ပဲတောင့်ရှည်
Post image
Post image
Post image
Post image
Post image
+၁
9

ဖြေကြားချက် ၉ ခု

6,097 လွန်ခဲ့သော ၆ နှစ် က

လှေးဆိုတာ ဘယ်ပုံသဏ္ဌန်မျ ိုးလဲ ပြောပြပါလား ကိုအံ့ထက်ကျော် ကျွန်တော်တို့တောင်သူတွေရဲ့အဓိကအားနည်းချက်က ပိုးအကြောင်းကို နားလည်မှု့နည်းသေးတယ်ဗျာ လှေးက နေ့ ည ဘယ်အချိန်တွေမှာကျတက်တာလဲဗျ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

လှေးဂရုစိုက်ပါ

3,725 လွန်ခဲ့သော ၆ နှစ် က

ဟုပ်ကဲ့အကို

111,325 လွန်ခဲ့သော ၆ နှစ် က

ပဲကြားထဲ အဆင်မပြေဘူး။ ပဲက အချိန်ကြာတယ်။သခွါးက ရက်တိုတဲ့အတွက် အသီးကျချိန်ထည့်တဲ့ မြေဩဇာလေးကိုမှီပြီး သခွားပင်ကျတာနှင့် အပင်ရင်းကို ဆွဲနုတ်ပြီး အောက်မြေပါးပါးပေါက်တင်‌ေပးလိုက်ပြီး၊ ပဲတောက်အစေ့ကိုချလိုက်ရင်၊ပဲ အပင်ပေါက်လာပြီးမှ အခြေနေကြည့်ပြီးမြေဩဇာလိုက်ပေးယုံပါပဲ။ပဲကြားမှာတော့ အခြားပင်တွေစိုက်လို့အဆင်မပြေဘူး။

3,725 လွန်ခဲ့သော ၆ နှစ် က

ပဲတန်းကြားထဲဘာပင်ထည့်ရင်ကောင်းမလဲဗျ

111,325 လွန်ခဲ့သော ၆ နှစ် က

ကျနော်တို့ဖက်မှာတော့ သခွါးစိုက်ပြီး စိုက်ရာဟောင်းမှာ ပဲပြန်ထိုးကြပါတယ်။လုပ်အားချိုချန်လို့ရတာပေါ့။ ရုံးပဒေကို အရင်ဦးစွာမျိုးစေ့အတွက် တစ်ကျဉ်းလောက် စိုက်ထားလိုက်ကြတယ်။ခရမ်နှင့် ငရုပ်သီးကိုလည်းပျိုးထားတတ်ကြပါတယ်။ပဲဇောင်းလျှားကိုတော့ ဘူးနှင့်တွဲပြီး ဘူးအပင်ကျတာနဲ့ ပဲဇောင်လျားကိုစဉ်တင်စိုက်ကြပါတယ်။အဲသလိုမစိုက်ဖြစ်ရင် ကြက်ဟင်းခါး ခဝဲ တစ်ခုခုစိုက်ကြပါတယ်။သီးထိုးယင်ကိုတော့ အမြဲတမ်း အုံကျချိန်မှာ ဆေးနှင့်ထောင်ပါတယ်။ကောင်ရေတွက်နည်းသထက်နည်းအောင်ပေါ့။

3,725 လွန်ခဲ့သော ၆ နှစ် က

ကျနော်လဲစိုက်ထားတယ်အခုမအပင်ပေါက်တုန်း

6,097 လွန်ခဲ့သော ၆ နှစ် က

ခါးက"'ရုံးပတီ အောက်က'"သခွါး မြေဖြာက'"နံနံ ခပ်ပါးပါး ကန်သင်းပတ်လည်က ကြော်ချဉ်ပေါင်နဲ့ချက်ချဉ်ပေါင် ပဲနှစ်တန်းတွဲထားတဲ့ အလည်တည့်တည့်သုံးတောင်ကွာထောင်ထားတဲ့တိုင်က'"ပဲဈောင်းလျှားပါ ကိုညီညီ

111,325 လွန်ခဲ့သော ၆ နှစ် က

ဈေးကွက်က ကောင်းမှာပါ။ပဲ‌ေတာက်သီးသန့်စိုက်တာလား။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။