အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
chit ko
chit ko 4,582
လွန်ခဲ့သော ၆ နှစ် က · သာစည်

လက်တလော ဆီးချုပ်ဝမ်းချုပ် အဖြစ်များပြီးနွားများသေနေပါတယ် ကျွန်တော်တို့ဘက်တွင်ဒီအချိန်ဆိုနွားမများကို လူမလိုက်ဘဲ မနက်လင်းတည်းကလွှတ်ပါတယ်ညနေကျသူဖာသာပြန်လာပါတယ် အပူချိန်ကလည်းမြင့်ပါတယ် ထို့ကြောင့်နွားများဆီးဝမ်းမှန်အောင် မည်သည့်ဆေးထိုးသင့်ကျွေးသင့်ပါသလဲ အသေအပျောက်များနေ၍မေးရခြင်းပါ ကျေးဇူးပြု၍ဖြေပေးပါခင်ဗျာ

ကျန်းမာရေး နွား
7

ဖြေကြားချက် ၇ ခု

Ko Zay Yar
Ko Zay Yar 1,394 လွန်ခဲ့သော ၆ နှစ် က

အိမ်ရောက်လိုရေတိုက်လျှင်ဆားရေတိုက်ပေးပါ ဆီးဝမ်းမုန်ပါတယ်

chit ko
chit ko 4,582 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ မမေဇင်ရေ

မေဇင်ထွန်း
မေဇင်ထွန်း အတည်ပြုပြီး 95,064 လွန်ခဲ့သော ၆ နှစ် က

ကျွဲ၊ နွားများအတွက် တိုင်းရင်းဆေးနည်းများ အနည်းအကျဉ်းတော့အသုံးဝင်မယ်ထင်ပါတယ် အကိုရေ။

chit ko
chit ko 4,582 လွန်ခဲ့သော ၆ နှစ် က

EMအစာကြေဆေးရည်ကဘယ်လိုလုပ်ရပါသလဲ

chit ko
chit ko 4,582 လွန်ခဲ့သော ၆ နှစ် က

ရေတစ်လီတာကို50 မီလီလီတာလားဆရာ

ဟန်လင်းထက်
ဟန်လင်းထက် 754 လွန်ခဲ့သော ၆ နှစ် က

ရေတလီတာကို .5ထည့်ပေးရပါတယ်

ဟန်လင်းထက်
ဟန်လင်းထက် 754 လွန်ခဲ့သော ၆ နှစ် က

EMအစာကြေဆေးရည်နေ့တိုင်းနွားသောက်ရည်ထဲထည့်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။