အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
176
လွန်ခဲ့သော ၆ နှစ် က · နတ်မောက်

အဲပဲစိုက်ချင်ပါတယ် နည်းပြောပြပါ

စိုက်ပျိုးနည်း ဘိုစားပဲ
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၆ နှစ် က

ပဲနံ့သာ စိုက်ပျိုးနည်း ပုံသဏ္ဍာန် အနံ့အလွန်မွှေးသော ရာသီပင်ငယ်မျိုးဖြစ်သည်။ အမြင့် (၁) ပေမှ (၂) ပေ အထိမြင့်သည်။ အရွယ်မှာ သုံးရွက်မြွှာပေါင်းဖြစ်ပြီး ရွက်လွဲထွက်သည်။ အလျား (၃/၄) လက်မမှ (၁) လက်မခန့်ထိ ရှည်သည်။ ပန်းပွင့်များ အဝါရောင်ရှိသည်။ ပွင့်ညှာမဲ့၏။ အသီးမှာ သီးတောင့်ရှည်မျိုးဖြစ်သည်။ အလျား (၂) လက်မမှ (၃) လက်မ ခန့် ရှည်သည်။ အတွင်း၌အစေ့ (၁၀) စေ့မှ (၂၀) စေ့ ထိပါရှိသည်။ အစေ့များ ညိုဝါရောင်ရှိပြီး အနံ့အလွန် မွှေးသည်။ စိုက်ပျိုးသည့်ဒေသ မြန်မာပြည်မြေပြန့်လွင်ပြင်၌ ရေလွယ်ကူပါက အနှံ့အပြား စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ ရေမြေရာသီဥတု သမနွေး မိုးသင့်သော ဒေသတွင် ဆောင်စိုက်သီးနှံအဖြစ် စိုက်ပျိုးကြသည်။ ကိုင်းမြေ၊ ကျွန်းမြေများတွင် ပိုမို ဖြစ်ထွန်းသည်။ မြေပြုပြင်နည်း ထယ် (၁) စပ် ထိုး၍ ထယ်ခဲချေပြီး ရေပေးသွင်းရမည်။ မြေအနေတော်အချိန်တွင် ထွန် (၄)စပ် မွှေပေးသင့်သည်။ ပျိုးထောင်နည်း အစေ့ကို တိုက်ရိုက်စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်း ထွန်ရေးညက်ပါက မြေကောင်းမြေညံ့ အလိုက်စိုက်တန်း (၁) ပေ မှ (၂)ပေ အထိ ခွာ၍ စိုက်တန်းအတွင်း ပဲနံ့သာ မျိုးစေ့ကို ကြွက်မြီးတန်းချပြီး ကြမ်းတုံးပေါ့ပေါ့ဖြင့်၎င်း၊ ထွန်-တစိတ်တိုက်၍၎င်း ဖုံးပေးရသည်။ ပဲနံံ့သာစေ့မှာ သေးငယ်သဖြင့် တန်းဆွဲရာတွင် တန်း ကြောင်းမနက်ရန် လိုသည်။ မြေသြဇာကျွေးနည်း မြေဆီ အလွန်မညံ့သော မြေဖြစ်ပါက သစ်ရွက်ဆွေးမြေချပေးရုံဖြင့် ပိုမိုကောင်းမွန်စေနိုင်သည်။ မျိုးပွားနည်း အစေ့မှ တိုက်ရိုက် စိုက်ပျိုးသည်။ တဧကမျိုးစေ့/ အပင်နှုန်း တဧက အထွက် ပဲနံ့သာ မျိုးစေ့ (၂-၄) ပြီ ခန့်လိုသည်။ ရေသွင်းနည်း စိုက်ပျိုးရန် စိုက်ရေလုံလောက်ပါက ဆောင်းရာသီ ဆီးနှင်းနှင့် ပင်လုံလောက်သည်။ ရေပေးသွင်းလိုပါက ပန်းပွင့်ဖြိုင်ချိန်တွင် ရေတကြိမ်ပေးသွင်းနိုင်သည်။ အပင်ပြုစုနည်း ပန်းစပွင့်သည် အထိ ပေါင်းသင်ခြင်း၊ မြေဆွခြင်း နှင့် ကြားလိုက်ခြင်းဖြင့် ပြုစုပေးရသည်။ ကျရောက်တတ်သော ပိုးမွှားနှင့် ကာကွယ်နည်းများ အပင်ငယ်များကိုမြေအောင်းပိုး ကိုက်ဖြတ်မဖျက်ဆီးနိုင်ရန် မျိုးစေ့ချစဉ် မြေအောင်းပိုးသတ်ဆေး သုံးစွဲသင့်သည်။ ကျရောက်တတ်သော ရောဂါနှင့်ကာကွယ်နှိမ်နင်းနည်းများ အထွက်ထိခိုက်သည်အထိ ကျရောက်ဖျက်ဆီးသည့်ရောဂါမကျရောက်ပါ။ အသီးဆွတ်ခူးနည်း (၃) လခွဲမှ (၄) လခွဲ အတွင်း အသီးများဝါရောင်သန်း၍ အသီးရင့်လာပါက အပင်ကိနုတ်၍၎င်း၊ တံဇဉ်ဖြင့် ရိတ်ဖြတ်၍၎င်း ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းပြီး ပဲနံ့သာပင်များကိုတလင်းသို့ သယ်ယူ၍ တလင်းသန့်သန့်တွင် အသီးများ ခြောက်အောင်နေလှန်းရသည်။ အသီး များခြောက်ပါက တုတ်ဖြင့် ရိုက်၍ ဖြစ်စေ၊ နွားဖြင့်နယ်၍ဖြစ်စေ၊ အစေ့များကို ထုတ်ယူ စုဆောင်းနိုင်သည်။ အထွက်နှုန်း တဧကဘလျှင် အပင်ညံ့ပါက ပဲနံ့သာစေ့ (၁) တင်းခန့်သာ ထွက်နိုင်သော်လည်း မြေသန် အပင်ကောင်းပါက တဧကလျှင် (၄ – ၅) တင်းအထိ ထွက်ရှိနိုင်သည်။ မျိုးခံယူနည်း အစေ့ကိုသာ မျိုးအဖြစ် စုဆောင်း သိုလှောင်နိုင်သည်။ သိုလှောင်နည်း ခြောက်သွေ့သည့်နေရာတွင် အိုးများ၊ ပေပါများဖြင့်ထည့်၍ အစေ့ထိုး ပိုးများအလွယ်တကူ မဝင်ရောက် မဖျက်ဆီးနိုင်ရန် အဝတွင် အဝတ်ခင်းပြီး ၎င်းအပေါ်တွင် သဲကြမ်း (၃) လက်မခန့်ထူအောင် ထပ်မံထည့်၍ ပိတ်သင့်သည်။ မျိုးစေ့များ ဖြစ်ပါက ပိုမထိုးစေရန် မျိုးစေ့ ကို ပိုးသတ်ဆေးဖြင့် စီရင်သင့်သည်။ အသုံးပြုနည်း အစေ့ (၁) ဆီးရွှင်ဆေး၊ ဝမ်းဖောဝမ်းရောင်ပျောက်ဆေး၊ ဖျင်းစွဲနာ၊ အသဲ နှင့်သရက် ရွက်ကြီးခြင်း၊ အဆစ် အမြစ် ကိုက်ခဲခြင်း၊ တာရှည်သော ချောင်းဆိုးနာ၊ လေဆေး၊ အားတိုးဆေးများ ဖော်စပ်ရာတွင် အစေ့ကို ထည့်သွင်း အသုံးပြုသည်။ (၂) ပဲနံ့သာစေ့ကို ပြုပ်၍ သောက်သော် သို့မဟုတ် နွားနို့စစ်နှင့် ပြုပ်၍သောက်ခဲ့သော် ညောင်းကျရောဂါအတွက် အကျိုးရှိသည်။ (၃) သွေးဆေး၊ ချေဆတ်စေသော နှာဆေးများတွင် ထည့်သွင်းဖော်စပ်ကြသည်။ မှတ်ချက်။ ။ ပဲနံ့သာစေ့ကို ဆေးဘက်တွင် ထည့်သောအခါ နေလှန်း၍ အစေ့များ သန့်ရှင်းစေရန် အမျိုးမျိုးသော အမှိုက်သရိုက် ဖုံများကင်းအောင် ပြုလျက် အိုးသစ်တွင် သို့မဟုတ် သန့်ရှင်းသောအိုးတွင်ထည့်၍ မီးသင်းပြီး ပူနွေးသောအခါမှ ဖော်စပ်မည့်ဆေးများတွင် ထည့်ရောရ၏။ ဆေးညွှန်းများကိုတော့ သက်ဆိုင်ရာသမားတော်ကြီးများ၏ လမ်းညွှန်မှုကိုယူပြီးမှ သုံးစွဲသင့်ပါတယ်။ #စိုက်ပျိုးရေးဦးစီးဌာန

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။