အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ပေါက်

မိုးကြိုနှမ်း (စမုံနက်နှမ်း) ဘယ်ရက်ကနေ ဘယ်ရက်အတွင်း စိုက်ရတာလဲ။ အခုစိုက်ရင်ရသေးလား။

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
3

ဖြေကြားချက် ၃ ခု

1,511 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်တော့ သုံးဧကကို မိုးမရွာတာနဲ့ ရေသွင်း ရေလိုရင် ဖြန်း ပြီး လုပ်နေတာ ၂၂ ရက် ရှိပြီ

290 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးတင်ပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မေလဆန်း မိုးဦးရွာလို့မြေအစိုဓာတ်ရပြီဆိုရင်စိုက်နိုင်ပါပြီ။ဒီနှစ်မိုးဦးစောမယ်လို့ခန့်မှန်းထားတာကြောင့် စောစောစိုက်နိုင်မယ်ထင်တယ်။အစိုဓာတ်ရှိလို့အခုစိုက်မယ်ဆိုရင်တောင် ရိတ်သိမ်းချိန်မိုးမလွတ်လောက်ဘူးထင်တယ်။စမုံနက်က ရက်၉၀..၉၅ရက်ရှိတာမို့ ကိုယ့်ဒေသရဲ့မိုးလေဝသအခြေအနေနဲ့ချင့်ချိန်စိုက်ပျိုးစေချင်တယ်။မေလဆန်းမိုးအစိုဓာတ်နဲ့စိုက်မယ်ဆိုရင်ဇူလိုင်လကုန်ခန့်မှာရိတ်သိမ်းနိုင်မှာဖြစ်ပါတယ်။ပေါက်/မြိုင်နယ်က ဇူလိုင်လမှာမိုးခေါင်တတ်တယ်လေ။သင်းကြန်အပြီးမိုးရွာခဲ့မယ်ဆိုရင်လည်းအစိုဓာတ်လုံလောက်ရင်စိုက်နိုင်ပါတယ်။အညာကတောင်သူတွေပြောကြတာကတော့ဝါထပ်ရင် အညာမှာမိုးခေါင်တတ်တယ်တဲ့(ဒီနှစ်ဝါထပ်တယ်လေ။)ဒါကြောင့်ကိုယ့်ဒေသရဲ့မိုးအခြေအနေပေါ်မူတည်ပြီး အပင်ကြီးထွားစဥ်မှာမိုးရေအစိုဓာတ်ရအောင်..ရိတ်သိမ်းချိန်မှာမိုးလွတ်အောင်စိုက်ချိန်ကို ခန့်မှန်းလုပ်ဆောင်စေချင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။