အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုသီဟ
လွန်ခဲ့သော ၆ နှစ် က · တောင်တွင်းကြီး

စိုက်ပျ ိုးနည်းလေး အကြံပြုပါအုံး မိတ်ဆွေတို့ ကိုင်းကူးစိုက်ခြင်း"ပျ ိုးပင်ရွှေ့ပြောင်းစိုက်နဲ့"အစေ့တိုက်ရိုက်ချစိုက်ခြင်းး ဘယ်နည်းကပို၍ အဆင်ပြေကောင်းမွန်နိုင်မလဲဗျ အဆင်ပြေမည်ဆိုလျှင် အပင်အရွယ်အစားနဲ့ စိုက်သင့်တဲ့သက်တမ်း ပြုစုနည်းလေးများကိုပါ ရှင်းပြပေးပါ မိတ်ဆွေ တို့ခင်ဗျာ

စိုက်ပျိုးနည်း သံပုရာ
Post image
Post image
5

ဖြေကြားချက် ၅ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

ကိုသီဟ
ကိုသီဟ 6,097 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါပဲ ကိုုညီညီ ကိုယ်စိတ်ကျန်းမာပါစေ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အခက်ရဲ့ ပင်စည်အခေါက်ကို တစ်လက်မ တစ်လက်မခွဲခန့် ဓါးပါးဖြင့် ညီညာအောင်ပတ်လှီးပြီး အခေါက်ခွါရပါမယ်။မြေကြီးကို ရေဖြင့်ဆုပ်နယ်ပြီး အခေါက်ခွါထားသောနေရာကိုအုပ်စေး‌ပြီး အုံးဆံခွံဖြင့် အုပ်ပြီးစည်းနှောင်း၍လည်းကူးလို့ရပါတယ်။ပလပ်စတိအိပ်ထဲမြေထည့်၍ မြေထုပ်စည်း၍လည်းကူးနိုင်ပါတယ်။ပလပ်စတိအိပ်နှင့်ကူးတဲ့အခါ အိပ်ကို အမြစ်ထွက်တဲ့အခါ ရေမလောင်စေရန် သံချွန်ဖြင့် အပေါက်ကလေးများထိုးဖောက်ပြီး လေပေါက်ဖောက်ပေးထားသင့်ပါတယ်။

ကိုသီဟ
ကိုသီဟ 6,097 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကိုညီညီခင်ဗျာ ကျေးဇူးပါပဲ အချိန်မဆွဲတော့ဘူး ဒီနှစ်ပဲ စမယ်ဗျာ အဆင်ပြေမယ်ဆိုရင် ကိုင်းကူးတဲ့နည်းစနစ်ကလေးပါ ကျေးဇူးပြုပြီး ပြောပြပေးပါအုံးလား ကိုညီညီ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ကိုင်းကူးစိုက်တာက ပိုပြီးအသီးမြန်ပါတယ်။ကဆုန် နယုန်လတွေမှာ ကိုင်းကူးရပါတယ်။ဝါခေါင် ‌တော်သလင်းလတွေမှာစိုက်ပျိုးနိုင်ပါပြီ။လက်မ လက်ညှိး အလုံးပတ်ရှိတဲ့အခက်တွေကို ရွေးကူးနိုင်ပါတယ်။နုသောအခက်သစ်ကို ဉီးစာပေးရွေးချယ်ပြီးကိုင်းကူးသင့်ပါတယ်။တစ်ပေခွဲခန့်တွင်းတူးပြီး နွားချီးဆွေး ကြက်ချီး တီစူပါ တို့ကို ထည့်သွင်းပြီး စိုက်ပျိုးနိုင်ပါတယ်။ခြုံမအုပ်အောင်ဂရုစိုက်ရပါတယ်။ပင်ရင်းကို မြက်ဖတ်များလုံးအုပ်အစာကြွေးလို့ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။