အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ကျိုက်လတ်

နွေသီးထပ် စပါး မှာ ရင့်မဲ့ချိန်မှာ ဘာကြောင့် မှဲ့စွန်းဖြစ်ရတာလဲဗျာ။{၁ ဧက•ပိုတက် ၁အိတ်• ပုလဲ ၃အိတ် •တီစူပါ ၁...

နွေသီးထပ် စပါး မှာ ရင့်မဲ့ချိန်မှာ ဘာကြောင့် မှဲ့စွန်းဖြစ်ရတာလဲဗျာ။{၁ ဧက•ပိုတက် ၁အိတ်• ပုလဲ ၃အိတ် •တီစူပါ ၁အိတ်.မှိုဆေးCopper Hydroxide 77WP 500gm/Carbenazin 45% 500 cc**ရေ 16hpအင်ဂျင်10" ဒလက်ဂျာ နဲ့ရေမပြတ် စေရန် အမြဲ တမ်းရေ ဖြည့်ထားသည်}

ပိုးမွှားရောဂါ စပါး စပါးမြေသြဇာကျွေးနည်း
Post image
Post image
3

ဖြေကြားချက် ၃ ခု

696 လွန်ခဲ့သော ၆ နှစ် က

ကျွန်အထင်တော့ပုလဲသုံးတါများလို့ထင်တဧက၃အိတ်ဆိုတော့ကျွန်တော်တိုကတဧက၁အိတ်ခွဲ၁အိတ်ခွဲကို၂ကြိမ်းခွဲပက်တယ်

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

အနာနဲ့ဆေး လွဲလို့ မထူးခြားတာလည်း ဖြစ်နိုင်တယ် နောက်တချက်က ရောဂါနဲ့ ဆေးကိုက်တယ် ထားဦး ရောဂါကျွမ်းမှ ဆေးလိုက်ဖျန်းတာလည်းဖြစ်နိုင်တယ် copper hydroxide က ကျနော်ဖျန်းဖူးသလောက် စပါးမှာ သိပ်မကြိုက်ဘူး ထိရောက်မှုနည်းတယ်လို့ ခံစားရတယ် copperကိုက ဘက်တီးရီးယား ရွက်ခြောက်နဲ့ ရွက်စင်းအတွက် ပဲ သုံးတာပါ carbendazin သူကျတော့ တခြားမှိုရောဂါ တွေအတွက် ထားလိုက်ပါ ကောင်းပါတယ် အကို့လယ်က ဂုတ်ကျိုးရောဂါကျနေရင် သေချာတယ် ဒီဆေးနှစ်မျိုးစလုံး မနိုင်ဘူး အဲဒါ ကျနော်ဖျန်းဖူးသလောက်ပြောတာပါ

2,726 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော်တို့ တောင်သူ လယ်သမား ပြောအရဆို ရေမမှီလို့ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။