အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,222
လွန်ခဲ့သော ၆ နှစ် က · မအူပင်

ဖူးပြောင်း 16 ရက်သားမှာ အစာတိုက်ပီ ရေအမြုပ်တင်လိုက်ပါတယ် အခု ပုံမှာပါတဲ့အတိုင် အပင်တိုင် အောက်အရွက်လေးတွေဝါနေ...

ဖူးပြောင်း 16 ရက်သားမှာ အစာတိုက်ပီ ရေအမြုပ်တင်လိုက်ပါတယ် အခု ပုံမှာပါတဲ့အတိုင် အပင်တိုင် အောက်အရွက်လေးတွေဝါနေလို့ ဘာရောဂါဖြစ်တာပါသလဲခင်ဗျ သိတဲ့အစ်ကိုအစ်မများ ရှိရင် ကူညီပြောပေးကြပါအုံးဗျာ

ပိုးမွှားရောဂါ ပြောင်း ပြောင်းမြေသြဇာကျွေးခြင်း
Post image
7

ဖြေကြားချက် ၇ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

ပြောင်းက သူ့ရဲ့အပင်ဖြစ်တည်ခြင်းအသွင်နှင့် သဘောတရားအရဆိုရရင် အဲဒီအရွယ်မှာ အပင်ရင်းကို မြေဩဇာ ထည့်သွင်းသင့်တဲ့ အရွယ်မဟုတ်တော့ပါဘူး။ပြောင်းရဲ့ သဘောက အဆစ်ကနေ အမြစ်ထွက်သော မျိုးရင်းဗီဇကိုအခြေခံသောကြောင့်၊မြေဩဇာထည့်သွင်းတိုင်း အဆစ်သစ်ကထွက်သော အမြစ်သစ်များကို အကြောင်းကျိုးသက်ရောက်မှုရှိစေဖို့ကို ဆောင်ရွက် ထည့်သွင်းပေးရပါတယ်။ ထို့ကြောင့် ပြောင်းစိုက်ပျိုးစနစ်ဟာ မြေဩဇာထည့်သွင်းခြင်း ကြိမ်နုန်းကို အခြေခံသော စိုက်ပျိုးနည်းစနစ်မျိုးကို ကျင့်သုံးစိုက်ပျိုးပါမှ အကောင်းဆုံးအောင်မြင်မှုကိုရစေပါတယ်။

232 လွန်ခဲ့သော ၆ နှစ် က

ပါပယ်ဝှိုက်ကပိုကောင်းတယ်

1,222 လွန်ခဲ့သော ၆ နှစ် က

အစာက ပုလဲနဲ့ အာမို 15 ပတ်လည်ပါ ရေသွင်းထားတာ 5ရက်လောက်ရှိပါပီ ပြောင်မျိုးက Suger King ပါ

1,222 လွန်ခဲ့သော ၆ နှစ် က
111,325 လွန်ခဲ့သော ၆ နှစ် က

ပင်ရင်းကို မြေဩဇာနီးရင်လည်း အစာပူရိုက်ပြီး အောက်ရွက်ဝါတတ်ပါတယ်။‌ေမြသြဇာထည့်ပြီး ရေသွင်းထားတာ အခု ရက်ဘယ်လောက်ရှိပြီလဲ။ဘာမြေဩဇာထည့်လဲ။အပင်အခြေနေ သိပ်မဆိုးပါဘူး။ဘယ်လကစိုက်လဲ။အဘယ်ပြောင်းမျိုး‌ေစ့ကိုစိုက်ထားလဲ။

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

အမြစ်များထိသွားသလား???ရေမွန်းတာ​​ပြောတာပါ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ဓာတ်ပူံကတစ်ပုံတည်းဆ်ုတော့ ပြောရခက််တယ်ဗျ ဒါပေမဲ့ ပိုးတွေကျနေတာတော့သေချာတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။