ဖြေကြားချက် ၂ ခု
ငါးအမိုင်နိုဖျော်ရည် ကို ၆ လအတွင်းသုံးရင်တော့ အာနိသင် ပိုကောင်းပါတယ်ခင်ဗျ။ ၆ လကျော်လည်း အသုံးပြုလို့တော့ရပါတယ် ခင်ဗျ။ အီးအမ်ဖျော်ရည်ကိုတော့ အေး မှောင် ခြောက် လို့ ခေါ်တဲ့ အေးမြ ခြောက်သွေ့ပြီး မှောင်တဲ့နေရာမှာ ဆိုရင်တော့ ကြာရှည်သိုလှောင်ထားနိုင်ပါတယ် ခင်ဗျ။
ငါးအမိုင်နိုကို လုပ်ပြီး အိုး/ဘူးသန့်သန့်ထဲထည့်ပြီး အပေါ် ၁ပုံလောက်ကို အလွတ်ထားသိမ်းဆည်းမယ်ဆိုရင် ၆လမှ တစ်နှစ်ခံပါတယ်။ မူလအီးအမ်ကတော့ တစ်နှစ်ခံပါတယ်။ ချက်ချင်းမသုံးသေးရင် အေးတဲ့နေရာမှာသိုလှောင်ထားပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီနေထားဘာလုပ်ရမှာလဲ ပိုးကလည်းကျနေတယ်
ဖြေကြားချက် 2 ခု
ငါးအမိုင်နိုအက်စစ်ပြုလုပ်နည်းလေးသိချင်တယ်
ဖြေကြားချက် 1 ခု
ကြက်သွန်နီကို ဘယ်အချိန်မှာ ငါးအမိုင်နိုအက်စစ်ကို မသုံးသင့်ပါသလဲ ငါးအမိုင်နိုအက်စစ်ဆိုတာ ဘာလဲ ဖြေပေးပါနော်
ဖြေကြားချက် 3 ခု
အမှာကြီးမှားသွားပီလားမသိဘူးဗျာ ကောင်းစေချင်လို့ရေသွင်းလိုက်မှအပင်လေးတေငိုက်ကြလာတယ်ဘလိုလုပ်ရမလဲဗျာ
ဖြေကြားချက် 5 ခု
ဆရာတို့ရေအပင်ကတလသားပါဘာလိုအပ်နေလဲဗျ
ဖြေကြားချက် 2 ခု