ဖြေကြားချက် ၃ ခု
Pendimethalinပါ ပေါက်ပြီးသားပေါင်းဆို မနိုင်ဘူး ဖျန်းရင်လည်း အနေအထားရွေးပါတယ် သမန်းပြင်လည်း ညီညာရမယ်အဆစ်ကနေပြန်ပေါက်တဲ့ ပေါင်းတွေဆိုမသေဘူး စပါးကြဲရင် အညှောက်ဖောက်ပြီးမှ ကြဲရမယ် ကျနော်တို့က ပေါင်းမပေါက်ခင်ဖျန်းတဲ့ဆေးတွေကို သိပ်သဘောမကျဘူး အားနည်းချက်များလို့ အကြိုက်ဆုံးက အပင် ၇ရက်ကနေ ၁၅ရက်သားအတွင်းဖျန်းတဲ့ဆေးပါ
ပေါင်းမပေါက်ခင်ဖျန်းတဲ့ဆေးလေး ပြောပြပေးပါ
ဘာပေါင်းပေါက်တာလဲ ပေါင်းသတ်ဆေးကတော့အမျိုးမျိုးရှိတယ် တချို့ဆေးက ပေါင်းမပေါက်ခင်ဖျန်းရတာ တချို့ဆေးက စပါး ၇ရက်ကနေ ၁၅ရက်သားအတွင်းဖျန်းတာ တချို့ဆေးက ၁၅ရက်ကနေ ၁လသားအတွင်းဖျန်းရတာပါ တချို့ဆေးက ၁လကျော်မှ ဖျန်းရတာပါ အမျိုးမျိုးရှိပါတယ် ဘာပေါင်းတွေ ပေါက်သလဲဆိုဒါ တချက်ပြောပြပါ အဆင်ပြေအောင်ညွှန်းပေးမယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးမှာ ပေါင်းသတ်ဆေးဖျန်းပြီး ဓာတ်မြေဩဇာသုံးသင့်လား၊ဘယ်လောက်ကြာမှသုံးသင့်လဲ၊ဘာအတွက်ကြောင့်မသုံးသင့်သလဲ၊သုံးရင်...
ဖြေကြားချက် 1 ခု
စပါးအသက်၁လကျော်ပါပြီဘယ်ပေါင်းသတ်ဆေးသုံးရင်ကောင်းမလဲခဗျာ
ဖြေကြားချက် 4 ခု
စပါးခင်းထဲပိုးသတ်ဆေးဖြန်းပြီးမြက် ေပါင်းသတ်ဆေးဖြန်းချင်လို့ အချိန်ခြားဖို့လိုအပ်သလား
ဖြေကြားချက် 1 ခု
မြက်သီးသေတဲ့ဆေးလေးအကြံပြုပါအုံး
ဖြေကြားချက် 2 ခု
ဖြေကြားချက် 2 ခု