အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,162
လွန်ခဲ့သော ၆ နှစ် က · မြစ်ကြီးနား

ခရမ်းချဉ်ပင်ကအဲလိုဖြစ်နေလိုဘာဆေးဖျန်းရင်ကောင်းမလဲဆရာတို

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်တူတာရွက်ထွင်းပိုး
Post image
9

ဖြေကြားချက် ၉ ခု

116 လွန်ခဲ့သော ၆ နှစ် က

အကိဆန့် နဲ့ ဒိဗိုင်း တွဲ ဖျန်းပါ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

တူတာ ရွက်ထွင်းအကြောင်းလေးပါ ခု ခရမ်းချဉ်းကွင်းထဲမှာ ဆိုးဆိုးဝါးဝါး ကျနေပါတယ်

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ခရမ်းချဉ် စိုက်တောင်သူများ ယခင်နှစ်မှစ၍ ဆိုးဝါး ပြင်းစွာ ကျရောက်ဖျက်ဆီး ပြီး ပျက်ဆီး ဆုံးရူံး မူ အလွန်များ ခဲ့သော ခရမ်းချဉ် စိုက် တောင်သူများ အထူး သတိပြူ အလေးထား ဂရုစိုက်ရမည့် Tuta Absoluta (တူတာ ရွက်ထွင်းပိုး) Written by .. Ant Htet Kyaw မြန်မာနိုင်ငံ တွင် ဆိုးဝါးပြင်ထန်စွာ ကျရောက်နေပြီ ဖြစ်သည့်Tuta Absoluta(တူတာ ရွက်ထွင်း) ပိုး အကြောင်း တစ်စိတ် တစ်ပိုင်းနှင့် ၎င်း ၏ ဖျက်ဆီးကျရောက်မူ အခြေအနေ ... Scientific Name... Tuta absoluta Common Name... Tomato leafminer International common name..English South American Tomato moth Tuta Absoluta ( တူတာအက်(ဘ်)ဆိုလူတာ) (တူတာ ရွက်ထွင်းပိုး) မူရင်းဒေသ တောင်အမေရိက မှစတင်ကာ နိုင်ငံ ၁၀၀ ကျော်ထိ ပြန်နှံ့လာပြီ အိန္ဒိယ နိုင်ငံ မှတဆင် မြန်မာ နိုင်ငံ သို့ စတင်ကူးစက် ပြန့်နှံလာပြီ ဖြစ်သည် ကျရာက်မူ အခြေအနေ တူတာရွက်ထွင်းပိုးသည် ခရမ်းချဉ်တွင်အဓိက ကျရောက်ပြီ အာလူး ပဲမျိုးရင်းဝင်များ.မုန်လာမျိုးရင်ဝင်များတွင် ကျရောက်ပြီး ထိရောက်စွာ မနှိမ်နှင်းနိုင်ပါက အထွက်နူန်း ၅၀% မှ ၁၀၀% ထိ ထိခိုက်ဖျက်ဆီးနိုင်သော ပိုးဖြစ်သည် ဖျက်ဆီးနိုင်မူအခြေအနေ အပင်၏ အစိတ်အပိုင်း အားလုံးတွင် ဆိုးဝါး ဆိုးဝါးပြင်းထန်စွာ ကျရောက်ဖျက်ဆီးပြီး မျိုးပွားမူနူန်း အလွန်မြန်သဖြင့်နှိမ်နင်းရန်ခက်ခဲသော ပိုးဖြစ် ပျိုးပင် ဘဝမှ စတင်ကာ အပင်သက်တမ်းဆုံးသည်ထိ ကျရောက်နိုင်သည် မျိုးဆက်ပြန့်ပွားမူ တစ်နှစ်လျှင် ၁၀-၁၂ ထက်ထိ မျိုးပွားနိုင် မိတ်လိုက်ပြီ ၁- ၂ ရက်ဝန်းကျင် တွင် ဥ စဖြစ်ပြီး အမတစ်ကောင်လျှင် ဥ ၂၆၀ ထက်ဥနိုင် ဘဝစက်ဝန်း ကြာ ချိန်မှာ ရာသီဥတု ပေါ်မူတည် ပြီး ၂၄ ရက် မှ ၃၈ ရက်ထိရှိ ၂၆`C ၃၀' Cတွင်ပေါက်ဖွားနူန်းပိူမြန်သည် ဥ တူတာ ရွက်ထွင်းပိုး ၏ ဥ သည် အများအားဖြင် ဘဲဥ ပုံ သဏ္ဌာန် ရှိပြိး နိူ့ နှစ်ရောင်မှ အဝါ ရောင်ဖျောဖျော့ထိ ရှိနိုင် သန္ဓေ စဖြစ်မည်ဆိုပါက ဥ သည် မဲနက်လာသည် လောက်ကောင် လောက်ကောင်သည် စားသောက်သည့် အစားအသောက်ပေါ်မူတည်ပြီး စိမ်းဖန့်ဖန့် ရောင်မှ ပန်းရောင်ဖျော့ဖျော့ ရှိသည် ပိုးတုံးလုံး ကောင်းသည်မှာကားလောက်ကောင်ထက် အရောင်ပိုဖျော့သည် လောက်ကောင်သည် အရွက် အညွန်နှင့် အသီးတို့ကို ဖျက်ဆီး စားသောက်သည် အရွယ်ရောက်ပြီးကောင် အရွယ်ရောက်ပြီးကောင်သည် ၁၀ မီလီမီတာခန့်ရှည့်လျားပြီး မီးခိုးရောင်ဖျော့ဖျော့အကြေးခွံ ရှိသည် ရာသီဥတု အခြေအနေများပေါ်မူတည်ကာ မီးခိုးရောင်ဖျေ့ဖျော့ကနေ မီးခိုးရောင်ရင့်ရင် ကို လှည့်ပတ်ပြောင်းလဲနေတတ်သည် လောက်ကောင်များ၏ ဖျက်ဆီးမူ အခြေအနေ လောက်ကောင်သည် အရွက်၏ နှစ်လွှာကြားရှိ အစိမ်းရောင်အလွှာကို ခြစ်ယူစားသောက်ပစ်သည် အရွက်ပေါ်တွင် ကြီးမားသိသာထင်ရှားသော အကွက်များ မှ တစ်ရွက်လုံးထိ ဖျက်ဆီးစားသောက်ပစ်ပြီး အဆိုပါ ပုံ သဏ္ဌာန် မမှန်သော လမ်းကြောင်းများ သည် အစားချက်လုပ်မူကို ဆိုးဝါးစွာ လျှော့ နည်းစေသလို ရောဂါ ဝင်ရောက်မူကိုလဲ လျှင်မြန်စွာ ဖြစ်ပေါ်စေသည် အသီပေါ်တွင် ဖျက်ဆီးခြင်း အသီး ခပ်နုနု အနေအထားတွင် စားသောက်ဖျက်ဆီးပစ်တတ်ကြသည် အပေါက်ငယ်လေးများ အသီးများ ပုံ သဏ္ဌာန် မမှန်ခြင်း များ ဖြစ်ပေါ်ပြီး ခရမ်းချဉ် အထွက်နူန်းကိုဆိုးဝါး စွာ ထိခိုက်စေသည်. ယခု အချိန်တွင် ခရမ်းချဉ် အချိန် ၁၀၀ ခူးပါက အချိန် ၂၀ ပင်အကောင်းမရသော အခင်းများစတင်တွေ့ရပြီး ကြိုတင်ကာကွယ် နှိမ်နှင်းမူ မရှိပါက စီးပွားရေး ထိခိုက်နိုင်သည်ထိ ဖြစ်နေသည် ဘတ်စုံ ဖျက်ပိုးများကို စီမံ ခန့်ခွဲခြင်း Tuta ရွက်ထွင်းပိုး ကျရောက်ပါက ဖြေရှင်းရန်နည်းလမ်းများ .ဓာတုဆေးများ ကို အလွန်အကျွံ အားမကိုးပါနှင့် .သီးနှံစိုက်ကွင်းနှင့်ပိုး၏ နောက်ခံ အကြောင်းအရင်းများကို စစ်ဆေးရမည် .သီးလှည့်စိုက်ပျိုးရမည် .ပျိုးပင်များကို ဆန်ကာပိုက်ဖြင့် အုပ်ထားရမည် အမြဲ စစ်ဆေးပါ ပုလဲမြေသြဇာလွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားရမည် .စိုက်ခင်းကို နေ့စဉ်စောင့်ကြည့်ရမည် .မရွှေ့စိုက်မီ စေးကပ်သောထောင်ချောက်များ ဆွဲဆောင်ဟော်မုန်းများအသုံးပြု၍ စစ်ဆေးရမည် .ပိုးသတ်ဆေး သုံးလျင် မဖြစ်မနေ ည နေ နောက်ကျကျ သုံးရန်လိုအပ်သည် .စိုက်ခင်းအခြေအနေပြောင်းလဲမူရှိမရှိအမြဲစစ်ဆေးပါ အရွက်.အသီး.အညွန့်.ပင်စည်များတွင် ပုံ သဏ္ဌာန် မမှန်သော လက္ခဏာ များ ရှိမရှိ အမြဲ စစ်ဆေးပါ .ကပ်ခွာ ထောင်ချောက်များ အသုံးပြု၍ အရွယ်ရောက်ကောင်ရှိမရှိ အမြဲ စစ်ဆေးပါ .အကောင်ရေ ကျရောက်မူ များပါ ကပ်ခွာထောင်ချောက်အရေအတွက်တိုးထားပါ .ပိုသတ်ဆေးများကို အလွန်အကျွံ ရောစပ်အသုံးပြုခြင်းရှောင်ကျဉ်ပါ .ဆေးအုပ်စု အလှည့်ကျ သုံးစွဲပါ .အခြေအနေ ဆိုးဝါးစွာ ဖြစ်ပေါ်လာမှ ဆေးအားမကိုးပါနှင့် ကြိုတင်ကာကွယ်သော နည်းလမ်းကိုအသုံးပြုပါ ဤပိုးသည် ဘက်ပေါင်းစုံ ဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ကာကွယ်နှိမ်နင်းနိုင်ကြောင်း အထူးသတိပြုစေချင်ပါသည် ဓာတုဆေးဝါးဖြင့် နှိမ်နင်းခြင်း မှတ်ချက် .. ဤ တူတာရွက်ထွင်း ပိုးသည် ဓာတုဆေးဝါးများဖြင့် နှိမ်နင်း သည့်နည်းလမ်းတစ်ခုတည်းအသုံးပြုရုံဖြင့်မရကြောင်းအထူးသတိပြုစေလို #ပိုသတ်ဆေးများကိုအလှည့်သုံးစွဲပါ ဆေးအစစ်အမည်... Abamatin Emamectin Benzoate Indoxacarb Flubendiamide Chlorantranilipole Metaflumizone Methoxyfenozide Metaflumizone အထက်ပါဆေးများသည် IRAC မှအကြံပြုထားသော ဆေးများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည် ပိုးသတ်ဆေးများကို မှတ်ပုံတင်ထားခြင်းရှိမရှိအမြဲစစ်ဆေးပါ. ပိုကျရောက်လာပါက ဖြေရှင်းရန်နည်းလမ်းများ ..ရောဂါရအသီးနှင့်အရွက်များကိုဖယ်ရှား ဖျက်ဆီးပစ်ခြင်း .ပိုမွှားခိုအောင်းနိုင်သောပေါင်းမြက်များရှင်းလင်းပေးခြင်း .မီးထောင်ချောက်များ ဆွဲဆောင်မှု ရှိသောဟိုမုန်းများ အသုံးပြု၍ ပးိုထောင်ချောက်များထားရှိခြင်း .တမာနှင့် Baccillus Thuringienisis ကဲ့သို့ သဘာဝဆေးများအသုံးပြု၍ နှိမ်နှင်းခြင်း .ဓာတုပိုးသတ်ဆေးများဖြင့်အလှည့်ကျ နှိမ်နှင်းပေးခြင်း ‌ #သဘာဝမြေသြဇာများကိုများများအသုံးပြုပါ ‌#ဓာတုဆေးဝါးများကိုလိုအပ်မှသုံးစွဲပါ ‌#ရောဂါရပင်ကြွင်းပင်ကျန်အစိတ်အပိုင်းများအားဖယ်ရှားရှင်းလင်းဖျက်ဆီးပစ်ပါ ‌#ကျန်းမာသန်စွမ်းသောပျိုးပင်များကိုသာဖန်တီးပါ #ကောင်းမွန်စွာမြေကိုထွန်ယက်စိုက်ပျိုးပါ #မြေသြနှင့်ပိုးသတ်ဆေးများကိုမှန်ကန်စွာအသုံးပြုပါ #သီးလှည့်စိုက်ပျိုးခြင်းသည် ပိုးမွှားနှင့်ရောဂါများစုပုံကျရောက်မူကိုဟန့်တာစေသည် #ဆေးဒဏ်ခံနိုင်ရည်ရှိသောမျိုးစိတ်အသစ်များထွက်ပေါ်မလာစေရန်ဆေးများကိုအလှည့်ကျသုံးစွဲပါ #အကာအကွယ်ပစ္စည်းများဝတ်ဆင်အသုံးပြုပါ #ရာသီဥတုကောင်းမွန်ချိန်တွင်ဆေးဖြန်းပါ #ကောင်းမွန်သောဆေးဖြန်းခေါင်းကိုအသုံးပြုပါ #ဆေးဖြန်းပြီးနောက်ကောင်းမွန်စွာဆေးကြောပါ #ဆေးရောဖြန်းစဉ်ဂရုစိုက်ကိုင်တွယ်ပါ #ဆေးစက်မထိမှန်စေရန်လေအောက်မှစတင်ပတ်ဖြန်းပါ #မြေကြီးအစိုဓာတ်ကိုကောင်းမွန်စွာထိန်းသိမ်းပါ #ရောဂါရပင်သို့အစိတ်အပိုင်းများကိုစိုက်ခင်းအနီးထားရှိခြင်းရှောင်ကျဉ်ပါ ‌ Reference.. www.eastwestseed-kt.com www.tutaabsoluta.com EWS မှထွက်ရှိသောစိုက်ပျိုးနည်းလမ်းညွန်များ www.irac-online.org ကျနုပ် သည် ပညာ ရှင်မဟုပ်သဖြင့် သိတာလေးကို ပြန်လည်မျှဝေရုံမျှသာ ဓာတ်ပုံ အများစုသည် မြန်မာနိုင်ငံ အတွင်းမှပုံများဖြစ်သည်... # edit လုပ်၍ အသစ် ထပ်တင်ပေးပါ့မယ် ပုံများအား တစ်ပုံဆီထောက်ကြည့်ပါ ဘဝစက်ဝန်း ဖြစ်ပေါ်လာပုံvideo file ပါ ပါရှိပါသည် Ant Htet Kyaw East West Seed ( Myanmar ) 09971707191 09791279016

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

ရွက်ထွင်းပါ ခုလက်ရှိကွင်းထဲမှာ ရွက်ထွင်းနှစ်မျိုးကျပါတယ် တစ်ခုက ရိုးရိုးရွက်ထွင်း ခုပုံပါ ရွက်ထွင်းပေါ့ နောက်တစ်ခုက တူတာ ရွက်ထွင်းပါ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ရွက်ထွင်းပိုးကျနေတာပါ Cyromazine, Abamectin, Cartap, Triazophos အဆင်ပြေရာသုံးပါ

3,791 လွန်ခဲ့သော ၆ နှစ် က

ဗုံးပက်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။