အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Zinwai Phyo
Zinwai Phyo 464
လွန်ခဲ့သော ၆ နှစ် က · ပခုက္ကူ

ကျနော် ပဲ့ ခင် အလို တွေ ဖြစ်နေလို အကြံပြုးချက်လေးပေးပါအုံး

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image
Post image
Post image
5

ဖြေကြားချက် ၅ ခု

Zinwai Phyo
Zinwai Phyo 464 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဆရာတို့

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

မိုရောဂါတစ်မျိုးမျိုးဖြစ်နိုင်သလို မျိုးစေ့ဆောင်ရောဂါတစ်မျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ပိုးမရှိရင်တော့ ဖြစ်နိုင်ချေများပါတယ်။ပထမ မလိုအပ်တဲ့အပင်ကို အရင်နုတ်ပြီး တစ်တွင်း တစ်ပင်နှပင်ခန့်ထားပါ။အားဆေးမှုန့်တစ်မျိုးမျိုးကို ရေနှင့်‌ရောစပ်ပြီး အပင်ရင်းရွဲစို‌အောင်ဖြန်းပေးကြည့်စေလိုပါတယ်။ပြီးမှ အပင်ဖြစ်ထွန်းမှုကိုကြည့်ပြီး စဉ်းစားသင့်ပါတယ်။အပင်ဝါဖျော့နေတာက ကြက်ချီးမြေဩဇာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၆ နှစ် က

စုတ်စားပိုး ဆိုးဆိုး ဝါးဝါး ကျတာပါ

Thet Thet aung
Thet Thet aung 464 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကျနေတာလို့ထင်ပါတယ် ပင်လုံးပျန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖျန်းပါ

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

ဘက်တီးရီးယား ရွက်ပျောက်လို့ ယူဆပါတယ် coppper oxychloride ဆေးဖျန်းပုံး တပုံး ၅ဇွန်းထည့်ဖျန်းပါ အရွက်ကလည်း နည်းနည်းတွန့်နေသလိုပဲ Imidacloprid 20. ၁ဇွန်းပါထည့်ဖျန်းပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

313 စိုက်ထားတာပါ အပင်ဘယ်အရွယ်လောက်မှာ အစာပေး ဆေးဖြန်းလုပ်ပေးသင့်သလဲခင်မျာ

ဖြေကြားချက် 9 ခု

ကျုပ်ပဲခင်း လေးပေါင်းတွေပေါက်နေလို့ ဖော်ဝမ်းဖော်ကျွန်းသုံးလို့ရလားဗျ? ခရမ်းချဉ်အတွက်ကောအဆင်ပြေပါမလား..?

ဖြေကြားချက် 2 ခု

သီးလုံးဖောက် ပိုးဝင် နေလို့ဘာဆေးသုံးရမလဲခင် ဗြာ အလင်း ပြပါဦး

ဖြေကြားချက် 11 ခု

အသီးတန်းလန်းနဲ့ အပင်သေတာတွေများလာတယ် ပင်စည်အရင်းမှာရိပြီး အမြစ်ပါပုတ်သွားတာတွေ့တယ် သေပြီဆို တပင်တလေမဟုတ်ဘဲ စု...

ဖြေကြားချက် 6 ခု

အရွက်တွေ တွန့်နေတုန်းပဲဗျာ ပိုး/မှိုသတ်ဆေးတွေလည်းဖျန်းပြီးပါပြီ မနှစ်ကလည်းဒီလိုပုံပါပဲ အပင်ကတော့ကောင်းတယ် သန်...

ဖြေကြားချက် 18 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။