အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လဲ့ဆွေ
လွန်ခဲ့သော ၆ နှစ် က · တွံတေး

အပင်တွေသံချေးတက်ပီးခြောက်နေသလိုအခုပုံပါအတိုင်းဖြစ်နေပါတယ်ဆရာတို့ရေ အရိုးရှည်အောင် အပွင်ကြီးအောင်ကိုင်းများများထွက်အောင် မိူရောဂါ ပိုးကျတာတွေကျုဘယ်လိုဆေးသုံးရပါမလဲ နောက်ပီးဘာအစာတွေကျွေးပေးရပါမလည်းကျေးဇူးပြုပီးဖြေကြားပေးပါရှင့်

ပိုးမွှားရောဂါ နှင်းဆီ
Post image
Post image
Post image
Post image

ဖြေကြားချက် ၆ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ရေငါးဂါလံ ဒုတ္ထာငါးကျပ်သားခန့် ထုံး မှုန့်နို့ဆီဗူး နှစ်ဗူး ကန့်က မှိုရောဂါဖြစ်မှ ထည့်သွင်းဖြန်းပေးရပါမယ်။ဒုတ္ထာရဲ့ထက်ဝက်ခန့်ပါ။ပိုးကျများတဲ့အခါ တစ်ပါတ်ဆယ်ရက်ခန့် တစ်ကြိမ်ဖြန်းပေးနိုင်ပါတယ်။ပင်စည်ကပ်ပါးပိုးနှင့်အရွက်စားပိုးတွေမကျသော်လည်း တစ်လတစ်ကြိမ် ရောဂါပိုးမဝင်အောင် ဖြန်းပေးရပါမယ်။

လဲ့ဆွေ
လဲ့ဆွေ 930 လွန်ခဲ့သော ၆ နှစ် က

ထုံး ဒုထာ ကတ်ကိုသုံးမျိုးလုံးရောဖျော်ရမာပါလားဘာ်လောက်အချိုးထည့်ပေးရမာပါလည်း

ဒေါ်ခင်မြင့်ဝေ
ဒေါ်ခင်မြင့်ဝေ 522 လွန်ခဲ့သော ၆ နှစ် က

ထုံးကိုဘ ်လိုအချိုးအဆနဲ့ဖျော်ရမလဲရှင့်

လဲ့ဆွေ
လဲ့ဆွေ 930 လွန်ခဲ့သော ၆ နှစ် က

အခုလိုပြန်ဖြေကြားပေးတာကျေးဇူးပါနော်ဆရာတို့

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

နှင်းဆီပင်က ရောဂါနှင့် ပိုးမွှားကျရောက်လွယ်တဲ့ အပင်မျိုးပါပဲ။နှင်ဆီပန်းပင်ရဲ့ အမြဲမပြတ် တစ်ပတ်တစ်ကြိမ်ဖြန်ပေးရတဲ့ဆေးက ဒုတ္ထာ ထုံးမှုန့် ကိုမှုန့်ဖြစ်အောင်ပြုလုပ်၍ တစ်ပါတ်တစ်ကြိမ်ခန့် တစ်ပင်လုံးရွဲအောင် ရေနှင့်ဖျော်ပြီးဖြန်းပေးရပါတယ်။အသုံးပြုတဲ့ မြေဩဇာတွေကတော့ ပုလဲ ဖော့စပိတ် ယူရီးယား တီစူပါနှင့် နွားချီးတို့ပဲဖြစ်ပါတယ်။အခက်သိမ်တွေကိုဖြတ်ထုပ်ပေးခြင်းဖြင့် အပင်နှင့် အပွင့်ကိုပိုကောင်းမွန်စေပါတယ်။မျိုးယူသော အခက်၏အရည်သွေးမကောင်းရင်လည်း အပင်မလှအပွင့်မလှ ဖြစ်စေတတ်ပါတယ်။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

အရွက်ခြောက်နေတဲ့ပုံကို ကြည့်ရတာ ပိုတက်ချို့တဲ့နေတယ်လို့ထင်တယ် ပုံမှန် မြေဆီ ၁အိတ်ကျွေးရင် ပိုတက်၁စိတ်လောက် ထပ်ရောပြီးကျွေးပါ အရိုးရှည်အောင်ဆိုရင် GA3 နဲ့ ဆွဲပါ အပွင့်ကြီး ကိုင်းထွက်အောင်လိုချင် အသီးအားဆေးNPK (ဘယ်ဟာဖြစ်ဖြစ်) ထမင်းစားဇွန်း၅ဇွန်း +ကယ်ဆီယမ်ဘိုရွန် ထမင်းစားဇွန်း၃ဇွန်း+ အနည်းလိုအဟာရ လက်ဖက်စားဇွန်း ၁ဇွန်း ရောဖျန်းပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။