အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးရဲဌေး
လွန်ခဲ့သော ၆ နှစ် က · မင်းဘူး

စံပယ်ပန်းအပွင့်နူန်းတိုးအောင် ဆေးရှိရင်သိချင်လို့ပါ

အပင်အာဟာရ စံပယ်ပန်း
Post image
3

ဖြေကြားချက် ၃ ခု

ညီညီ
ညီညီ 111,354 လွန်ခဲ့သော ၆ နှစ် က

စံပါယ်ပန်း ပွင့်နုန်းတိုးရန်အတွက် လေဝင်လေထွက်နည်းသော ပန်းရုံ၏ အခက်တက်ခက်မွှာများကို ရှင်းလင်းဖြတ်တောက်ခြင်းကိုဦးစွာလုပ်ဆောင်ပြီး၊မြေဩဇာထည်သွင်းပေးရပါမည်။ ထိုသို့လုပ်ဆောင်ရာတွင် နွေရာသီတွင်လုပ်ဆောင်ခြင်းထက် သီတင်ကျွတ် တန်ဆောင်မုန်းလတို့တွင် လုပ်ဆောင်ခြင်းက ပိုကောင်းမွန်စေသည်။နွေရာသီတွင်လုပ်ဆောင်ပါက ရေနေ့စဉ်ပေးသွင်းရန်လိုပါသည်။တီစူပါနှင့် နွားချီး မြေဆွေးတို့ကို ပေးသွင်းရန်လိုအပ်ပြီး။မိုးရာသီအဝင်တွင်လည်း အခက်အလက်အရင့်‌အဟောင်းများကို ဖြတ်တောက်ပေးခြင်းဖြင့် ရှုပ်ထွေးနေသော အခက်များကို ရှင်းလင်းပေးခြင်း တို့ဖြင့် ရွက်နုအခက်နုတို့ကိုဖြစ်စေ၍ ပန်းများကို ပွင့်သစ်လောင်းနိုင်အောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်သည်။အခက်ရှင်းပြီးတိုင်း မြေဩဇာထည့်သွင်းပေးခြင်းကို ပြုလုပ်ပေးသင့်ပါသည်။

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,518 လွန်ခဲ့သော ၆ နှစ် က

စံပယ်ပန်းစိုက်ပျိုးနည်း လင့်ကိုနှိပ်ပီး လေ့လာနိုင်ပါတယ် ခင်ဗျ။

Thant Zin (Palaw)
Thant Zin (Palaw) အတည်ပြုပြီး 93,798 လွန်ခဲ့သော ၆ နှစ် က

0:52:34 + အမိုင်နို + အနည်းလိုအဟာရ တွဲဖျန်းပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။