အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Nge
Ko Nge 1,682
လွန်ခဲ့သော ၆ နှစ် က · ရေး

ဘာပိုးလဲဗျ..?သံပုရာပင်မှာကျနေလို့ပါ...ဘာဆေးသုံးရမလဲဗျ....

ပိုးမွှားရောဂါ သံပုရာ
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

ဦးစောပလေထူး
ဦးစောပလေထူး 348 လွန်ခဲ့သော ၆ နှစ် က

ဘော်ဒိုဆေးရည်ကဘာလဲ ပိုးသတ်ဆေးလား ဘော်ဒိုဆေးရည်ကို ဘယ်လိုရရှိနိုင်ပါသလဲ ကျွန်တော် သံပုရာပင်တွေပိုးစားလို့ပါ ပြန်ဖြေပေးစေချင်ပါတယ်

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ကြက်မောက် မာလကာ ရှောက် သံပုရာ ကျွဲ‌ေကာစတဲ့ အပင်တွေကို ဆိုးဝါးစွာကျရောက်တတ်ပြီး မိတ်လိုက်ချိန်ဆိုလျှင် နှစ်ကောင်ထပ်၍နေတတ်သော ထိုသတ္တဝါပိုးကောင်ကို ကျနော်ငယ်စဉ်က ကျနော်အဘိုးဖြစ်သူက ပိုးဝါလေး‌တွေဟုခေါ်သည်။အခွံမာရှိသောကြောင့် ပဲစေ့ကလေးလို မာကျစ်ကျစ်ရှိသော ထိုပိုးများကို ဖမ်းပေးခြင်းဖြင့် မုန့်ဖိုးပိုက်ဆံများရရှိခဲ့ဖူးပါသည်။ဗူးလွတ်တစ်လုံးဖြင့် အကောင်လေးတွေကိုဖမ်းထည့်ရသည်မှာ လွယ်ကူလှပါသည်။ပိုးကောင်တွေက အပင်တိုင်းကျနေခြင်းကြောင့် အရွက်များ ပိုးစားသောဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်နေသော သစ်ပင်တို့ကို ပိုးသတ်ဆေးများဖြင့်ဖြန်းသော်လည်းခဏသာပျောက်ပြီး နောက်တော့ ပြန်ကျမြဲပြန်ကျပြန်သည်။ထိုကြောင့် အဘိုးက တစ်ကောင်စီဖမ်းပြီးဗူးထဲထည့်ခြင်းကြောင့် တစ်နေ့ဖမ်းလျင် နို့ဆီတစ်ဗူးခန့်ရသည်။ထိုပိုးများကို ဖမ်းထည့်ထားသော ဗူးကို ရေထည်ပြီးသိမ်းထားတတ်သည်။ပိုးများမှာ အမျိုးစုံလှသည် ပလူကောင်များနှင့် ပိုးဟပ် တောင်ပဇော် ပရစ် ပျားသလစ် မြေတွင်ဥအိမ်ဖွဲ့နေသော ချဥအိပ်များကို သစ်မြစ်သစ်ခေါင်းတူးဖော်ကျဉ်းဘောင်ပြုလုပ်စဉ်တွေ့ရတတ်သော မြေတွင်း အင်းဆစ်မှန်သမျှပုံးတစ်လုံးထဲတွင် ရေထည့်ကာ စိမ်ရေပြုလုပ်ထားတတ်သည်။ ထိုပုံးကိုသေခြာစွာသိမ်းထားပြီး တချို့စိုက်ပျိုးသူတို့က အပင်အားဆေး အသီးအပွင့်အားဆေး အဘိုးဆီလာ၍တောင်းကြသည်။ထိုအခါ အဘိုးသည် ထိုသို့ အင်းဆစ်ကိုရေ၊ ထညှစ်စသည်ဖြင့်ဖောက်ထားပြီးသော အားဆေးရည်အဖြစ် နို့ဆီတစ်ခွက်ပေးတတ်သည်။နို့ဆီတစ်ခွက်ထက်ပိုမပေးပါ။ ''ပိုးကောင်စုရတာမလွယ်ဘူးကိုယ့်လူ‌ေရ့'' ''တစ်ခွက်ပဲရနိုင်မယ်''ဟုဆိုမြည်တတ်သည်။စိုက်ပျိုးရေးပညာရှင်တချို့ကတော့ ထိုပိုးကောင်လေးများဖြင့် ပြုလုပ်ထားသော အရည်ကို ဇီဝပျော်ရည် ဇီဝအားဆေးရည်ဟုဆိုကြသည်။တကယ်လည်းစွမ်းပါသည် မိုးကြီးပြင်းစွာထိမိခိုက်မိ‌ေသာသော မုန်လာပင်လေးများ သဲအလိမ့်လိမ့်ဖြင့် အခြေနေမကောင်တော့ပါ။ နေရောင်ပွင့်သည်နှင့် ထိုအရည်နို့စည်တစ်ဗူးကို ဖြန်းပုံးထဲထည့်ပြီး မုန်လာရွက်များ ကို သဲစင်အောင်ဖြန်းပေးလိုက်သည်နှင့် နောက်တစ်နေ့တွင် အစာချက်ပြီး လန်းလန်းစွင့်စွင့်နှင့်အ‌ေခြ‌ေန‌ေကာင်းလာသည်။တစ်နေ့က မိုးထဲတွင် အလဲလဲပြိုပြို‌မြေများလူးပေလျက်ရှိသော အပင်ကလေးများသည် သူတို့မဟုတ်တော့သလို လန်းလန်းစွင်စွင့်စိမ်းမြကြည်လင်လို့နေသည်။ အဘိုးကတော့ သူ့ရဲ့ဇီဝအားဆေးအကြောင်း အမွှန်းတင်လို့ မဆုံးနိုင်တော့ပြီ။ပိုးကောင်‌ေလးများသည် အားဆေးအဖော်ခံရမည်ကြောက်၍ပဲလားမသိ စိုက်ခင်းထဲသိပ်မကျရဲတော့ပါ ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။