ဖြေကြားချက် ၂ ခု
ဥကြီး အတွက် ရိတ်သိမ်းက အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်လှချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း မလှပေ။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည် ဆိုကြသည်။ အရွက်ကို ၀.၅-၁လက်မချန်ပြီး ဖြတ်ရမည်။ ကြက်သွန်ဥများကို နေရောင်ဖြင့် အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံရမည်။ ကြက်သွန် အပေါ်ယံခွံ အခြောက် ဖြစ်ရန် အစိုဖြစ်စမှ ၁လ ကြာသည်။
ဆက်စပ်မေးခွန်းများ
ကြက်သွန်နီအကြောင်းရှင်းပြပေးပါဗျာ
ဖြေကြားချက် 2 ခု
ကြက်သွန်စိုက်ပျိုးခြင်းကို စနစ်တကျ စိုက်ခင်းပုံစံနှင့်တကွ နည်းစနစ်အားလုံးလေ့လာချင်မိပါတယ်။ စနစ်တကျသုတေသနပြုထား...
ဖြေကြားချက် 4 ခု
ကြက်သွန်အစေ့ချစိုက်ရင်ဥသလားဖြေပေးကြပါ
ဖြေကြားချက် 3 ခု
ကြက်သွန်နီက ဥနဲဘဲစိုက်ရတာလား။မသိလို့ပါနော်
ဖြေကြားချက် 3 ခု
ကြက်သွန်နီ တွေအပင်လှဲ ထားတာ ပုံမှာ ပြထားသလောက်တော့ ခြောက်နေပါပြီး...... ရာသီဥတု အခြေအနေက မိုးရွာနိုင်တဲ့အတွက်...
ဖြေကြားချက် 3 ခု