အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,280
လွန်ခဲ့သော ၆ နှစ် က · ဟုမ္မလင်း

နွေနှမ်းစိုက်ချင်လို့ပါဘယ်လိုမျိုးစေ့နဲ့ ဘယ်လိုလကိုစိုက်ရမလဲခင်ဗျား ဖြေပေးကြပါအူးဗျာ

စိုက်ပျိုး ဗဟုသုတ နှမ်း နှမ်းစိုက်ချိန်

ဖြေကြားချက် ၂ ခု

1,280 လွန်ခဲ့သော ၆ နှစ် က

နွေနှမ်းအကြောင်းလေး ရှင်းပြပေးစေလို့ပါတယ်ခင်ဗျ

270,769 လွန်ခဲ့သော ၆ နှစ် က

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလနှင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် ဖေဖော်ဝါရီလလယ်တွင် အပြီးစိုက်သင့်သည်။ ရေ‌မြေအခြေအနေအရ စိုက်ချိန်ကွဲပြားနိုင်သော်လည်း နွေစပါးကို မိုးလွတ်လေလွတ်ရိတ်သိမ်းနိုင်ရေး၊ စပါးပင်ကြီးထွား ဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှု မရှိစေရေး စိုက်ချိန်ကို ချိန်ဆစိုက်ပျိုးရန်ဖြစ်ပါသည်။ မိမိရေမြေနှင့်ဒေသအလိုက် သင့်တော်သောစပါးမျိုးကို ရွေးချယ် စိုက်ပျိုးရပါမည်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ သီးထပ်ရင်စပါးမျိုးနှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ ရွှေသွယ်ရင်စပါးမျိုးတို့သည် ဒေသရေ‌မြေနှင့်ကိုက်ညီပြီး အစိုတမန်းပြင်၌ တိုက်ရိုက်မျိုးစေ့ချရန် သင့်တော်သည့် စပါးမျိုးများဖြစ်ပါသည်။ ယခုအခါ ရတနာတိုး၊ ရက် ၉၀၊ နှံကောက်နှင့် အခြား သက်လျင်အထွက်ကောင်း စပါးမျိုးများကို စိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ချိန်စောပါက သက်လျင်အထွက်ကောင်း စပါးမျိုးများသာမက မနောသုခ၊ ဆင်းသုခကဲ့သို့ သက်လတ်အထွက်ကောင်းစပါးမျိုးကိုလည်း စိုက်ပျိုးနိုင်သည်။ သို့သော် ရိတ်သိမ်းချိန်တွင် မိုးဦးကျမုတ်သုန်မိုးနှင့် ကြုံတွေ့၍ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး စိုက်ပျိုးမည့်မျိုးနှင့် စိုက်ချိန်ကို ကြိုတင်ချိန်ဆစိုက်ပျိုးရန် ဖြစ်ပါသည်။ အစိမ်းရောင်လမ်းမှာ တင်ထားတဲ့ ဆရာကြီးဆင်းသီဟရဲ့ ဆောင်းပါးထဲမှ ကောက်နုတ်ဖော်ပြပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။