ဖြေကြားချက် ၁ ခု
နှစ်ရှညိပင်စိုက်တာ ငွေ၊ အချိန် ၊လုပ်အားရင်းနီးမြှုပ်နှံရတာများလို့ အချက်အလက်ပြည့်စုံစွာ စဉ်းစားပြီးမှ ဆုံးဖြတ်ရပါမယ်။ မြေ ရှိတာ တခုထဲနဲ့မပြီး၊ ရေရရှိမှု၊ အရင်းအနှီး၊လုပ်သား၊ စီမံခန့်ခွဲမှု၊ လုံခြုံရေး၊ဈေးကွက်ကိုတင်ပို့မှု၊ ပြုပြင်စီမံမှု စတဲ့အချက်များစွာက စီးပွားဖြစ်စိုက်ပျိုးဖို့ အဆုံးအဖြတ်ပေးပါတယ်။ အဓိက ကတော့ ကိုယ့်ဒေသ ရဲ့ ရေမြေရာသီနဲ့ကိုက်ညီတဲ့ ဈေးကွက်ဝင်သီးနှံ အလားအလာကောင်းတဲ့သီးနှဲ ရွေးချယ်ရမှာပါ။ မြေအမျိုးအစား နဲ့ ရေရရှိမှုကတော့ သီနံရွေးချယ်မှုမှာတော်တော်အဓိကကျပါတယ်။ နှစ်ရှည်ပင်စိုက်ရင် ငွေဝင်နောက်ကျလို့ ငွေဖြစ်လွယ်တဲ့ရာသီပင်တွေနဲ့လဲ အစောပိုင်းမှာတွဲစိုက်ရလေ့ရှိပါတယ်။ ကောင်းတာတော့ နှစ်ရှည်ပင်စိုက်ပျိုးခြင်းစာအုပ် အရင် ရအောင်ရှာဖတ်စေလိုပါတယ်။ပြီးရင်ပတ်ဝန်းကျင်ကသူတွေရဲ့သီးနှံရွေးချယ်မှုတွေလဲလေ့လာကြည့်ပါအုံး။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လင်းနို့ချေးရဲ့အာနိသင်နဲ့မြေဩဇာအဖြစ်အသုံးပြုပုံလေးဖြေကြားပေးပါ။
ဖြေကြားချက် 1 ခု
ဝါးမီးသွေး ဘယ်မှာဝယ်လို့ရလဲမသိလို့ပါ။
ဖြေကြားချက် 1 ခု
ဘွန်ဆိုင်းကို မျိုးစေ့မရှိဘဲ စိုက်ပျိုးလို့ရပါသလားခဗျ
ဖြေကြားချက် 1 ခု
Question for developer, profile မှာ ပညာရှင်ဖြစ်နေလို့ ဘယ်လိုပြန်ပြောင်းရမလဲဗျ
ဖြေကြားချက် 1 ခု
N P Kဆိုတဲ့အာဟာရသုံးမျိုးရဲ့ကောင်းကျိုးဆိုးကျိုးကိုပြောပြပေးပါလားဗျ တန်ရင်ဆေးလွန်းရင်ဘေးဖြစ်တဲ့ကြောင်းကိုရှင်း...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ