ဂေါ်ရခါးသီးကိုဘယ်လိုအပင်ဖေါက်ရမလဲ
ဂေါ်ရခါး စိုက်ပျိုးနည်း စိုက်ပျိုးခြင်း ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့်စိုက်ကြသည်။ တစ်ခါတရံ အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍စိုက်ပါ။ အသီးကို မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍စိုက်ပါ။ အသီးကို အပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်ရုံလောင်းပေးပါ။ တန်းကြားပင် ကြား စိုက်ရမည့်အကွာအဝေးမှာ (၄ x ၄)ကိုက် (၄) ကွက်ကြားဖြစ်သည်။ ရှမ်းပြည်နှင့် ပြင်ဦးလွင်မြို့များတွင် (၆ x ၆) ပေထား၍ တစ်နေရာတွင် (၂ - ၃)သီးထားကာ မြေပုံ၍ စိုက်ကြသည်။
ဆက်စပ်မေးခွန်းများ
ဂေါ်ရခါးသီးကိုဧရာဝတီတိုင်းမှာစိုက်လို့ရလားခင်ဗျာ
ဖြေကြားချက် 1 ခု
ကိုင်းနှိမ်တယ် ဆိုတာ ဘယ်လိုမျိုးကိုပြောတာပါလဲ စင်ထိုးပြီးစိုက်ရတာပါလား အသီးအပင်ဖောက်ပုံကို ပုံလေးနဲ့ တကွရှင်း...
ဖြေကြားချက် 4 ခု
ဂေါ်ရခါးသီးကို ဘယ်လို စိုက်ပျိုးရပါမလဲရှင့်
ဖြေကြားချက် 1 ခု
ဂေါ်ရခါးသီးဘာကြောင့်တွန့်ရတာလဲ
ဖြေကြားချက် 1 ခု
ကျွန်မ၏ဂေါ်ရခါးပင်အခြေအနေတင်ပြပါတယ် စင်ပေါ်ရောက်သွားရင် အရွက်တွေဝါ၍ခြောက်သွားပါတယ် အရွက်ခြောက်တွေညှပ်ရင်းနောက်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။