အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Uin Po
Uin Po 232
လွန်ခဲ့သော ၆ နှစ် က · ကျောက်ပန်းတောင်း

စပါးခင်းမှာရေညှိတက်နေလိုဘယ်လိုလုပ်ရမလဲ

စိုက်ပျိုး ရေ စပါး စပါးပင်နှင့်ရေညှိ
Post image
Post image
Post image
Post image
Post image
+၁
4

ဖြေကြားချက် ၄ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,022 လွန်ခဲ့သော ၅ နှစ် က

စပါးခင်းထဲ ရေညှိတွေရှိနေတယ်ဆိုလျှင် စပါးခင်းတွင် ပုလဲမြေဩဇာသုံးစွဲမှုများလျှင်လည်းကောင်း၊ မြေချဉ်လျှင်လည်းကောင်းဖြစ်တတ်ပါသည်။ ရေသွင်းရေထုတ်ပြုလုပ်ပေးပါ။ သဘာဝမြေဩဇာများ သုံးစွဲပေးပါ။ ထုံးဖြူးပေးပါ။ ကော့ပါး အောက်စီကလိုရိုက် Copper Oxichloride ကို ဆေးဖျန်းပုံးတစ်ပုံး လျှင် (၅၀) ဂရမ်ဖြင့် ဖျန်းပေးပါ။ တစ်ဧကကို ဒုတ္ထာ (၅)ပေါင်/(၁၀)ပေါင် (သို့) ကော့ပါးဟိုက်ဒြောဆိုက်ကို သုံးနိုင်ပါသည်။ ဆေးသုံးပြီးလျှင် ကန်သင်းလုံအောင်လုပ်ပေးပါ။ ရေလျှော့၍ရလျှင် ရေနည်းနည်းလျှော့ပြီးမှ ဆေးသုံးပါ။ မြေဩဇာသုံးလျှင်လည်း ကျောက်မှုန့်ထည့်သုံးပေးပါ။ Coptrol (CuSO4) အရည် (၁) လီတာလျှင် (၁) ဧကနှုန်းသုံးပါ။ ရေ ၄ လက်မလျှင် ၀.၈ လီတာ/ဧက၊ ရေ ၆လက်မလျှင် ၁.၂ လီတာ/ဧက၊ ရေ ၆ လက်မအထက် ၁.၆ လီတာ/ဧက

ကိုဇော်လင်း
ကိုဇော်လင်း 638 လွန်ခဲ့သော ၆ နှစ် က

ထုံးကျဲရပါတယ်

ကိုကျော် ကျော်
ကိုကျော် ကျော် 464 လွန်ခဲ့သော ၆ နှစ် က

Calcium Use

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၆ နှစ် က

ရေညှိကို ကော့ပါးဟိုဒ်ဒရောဆိုက် (ကိုဆိုက်) နှင့် ကော့ပါးအောက်ဆီကလိုရိုဒ် ဖျန်းခြင်းဖြင့် နှိမ်နင်းနိုင်ပါတယ်။ ဆေးမဖျန်းခင်မှာ တတ်နိုင်သလောက် ရေလျော့ပေးဖို့လိုပါတယ်။ ရေညှိရှိတဲ့အခင်းတွေမှာ ပုလဲသုံးမယ်ဆိုရင် ရေညှိကို ကြိုတင်နှိမ်နင်းပြီးမှ သုံးသင့်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။