အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

31,851 လွန်ခဲ့သော ၇ နှစ် က

ရေသွင်းရေခန်းစနစ်သုံးပါ ရေကိုပြောင်အောင်ထုတ်ပြီးရေပြန်သွင်းတာပါ စပါးခင်းထဲရေများနေရင် ပင်ပွါးအထွက်နည်းပါတယ်

80,504 လွန်ခဲ့သော ၇ နှစ် က

စိုက်ပျိုးထားတဲ့ စပါးရဲ့သက်တမ်းကို သိမယ်ဆိုတော့ သေသေချာချာပြောပြလို့ရပါတယ်။ စပါးမှာ ပင်ပွား များများထွက်ဖို့ စစိုက်ကတည်းက ပျိုးသက်နုနုနဲ့စိုက်ဖို့ လိုပါတယ်။ ရာသီတု အခြေအနေအရ မစိုက်ဖြစ်ဘူးဆိုရင်တော့ ကောက်စိုက်ပြီး ၁၅ ရက်နဲ့ အနှံလောင်းမထွက်ခင် ၁၀ ရက်ကြား ကာလဟာ စပါး ပင်ပွားများများထွက်တဲ့ကာလ ဖြစ်ပြီး အဲ့ချိန်မှာ ယူရီးယားမြေသြဇာ ၃ ပုံ ၁ ပုံ ကျွေးဖို့လိုအပ်ပါမယ်။ မြေသြဇာ မကျွေးခင်မှာ ပေါင်းမြက်ရှင်းဖို့လိုပြီး ကျွေးမယ့်မြေသြဇာကို တစ်ခုတည်း ကျွေးမှာထက် နွားချေး (သို့မဟုတ်) မြေဆွေးနဲ့ ၁ ညနှပ်ထားပြီးမှ ကျွေးခြင်းဟာ မြေသြဇာ လေလွင့်မှုနည်းပြီး ပိုထိရောက်ပါတယ် ခင်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။