အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၇ နှစ် က · သနပ်ပင်

စပါးပင်မှာကျရောက်နေသော ပိုးအမည်နှင့်ဖျန်းသင့်သောဆေးအမည် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများသိချင်ပါတယ် ခင်မျှ.....

Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၇ နှစ် က

ပုံမှာ တွေ့ရတဲ့ အတိုင်းဆိုရင် ကျောက်ဆူးပိုး (ပိုးလောင်မီး) ကျရောက်ဖျက်ဆီးနေတာ ဖြစ်ပါတယ် ခင်ဗျ။ ၎င်းပိုးဟာ စပါးရွက်များကို ခြစ်စား ထွင်းစား ပါတယ် ခင်ဗျ။ ကာကွယ်မယ် ဆိုရင်တော့ ပိုးတုံးလုံးများဝင်ရောက်စားသောက်နေသော အရွက်ထိပ်ဖျားပိုင်းများကိုဖြတ်တောက်ခြင်းဖြင့် ကျောက်ဆူးပိုးကျရောက် ခြင်းအန္တရယ်ကို ( ၇၅ မှ ၉၂ %)ထိလျှော့ချနိုင်ကြောင်းသိရှိရသည်။ ဆိုးဝါးစွာကျရောက်ပါက အကောင်ကြီးများကို လက်ဖြင့်ကောက်ယူ ဖျက်ဆီးခြင်းများဖြင့်နှိမ်နင်းနိုင်ပါသည်။ ဓါတုနည်းဖြင့်ကာကွယ်ခြင်း(Chemical Control) ပိုင်ရီသရွိုက် ဆေးအုပ်စုများဖြင့်နှိမ်နင်းနိုင်ပါသည်။ ကျောက်ဆူးပိုး များ၏စားချင်စိတ်မရှိစေရန် တမာပိုးသတ်ဆေးများကို အသုံးပြု၍လည်း နှိမ်နင်းနိုင်ပါသည်။ ကျောက်ဆူးပိုးများ၏ ကြီးထွားမှုကိုအနှောက် အယှက်ပေးနိုင်သော မီသိုပရင်းနှင့်ဒိုင်ဖလူဘင်ဇူရွန် ( Methoprene and Diflubenzuron) တို့ကိုအသုံးပြုနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။