အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စောရန်လင်း
လွန်ခဲ့သော ၇ နှစ် က · မြိတ်

ကြက်မောက်ပင်ကို ဘယ်ရာသီမှာစိုက်ရလဲ ဗျာ အစာပေးပုံနဲ့ရေပေးပုံကိုလဲသိခဖင်ပါတယ်ဗျာ

စိုက်ပျိုးနည်း ကြက်မောက်သီး
1

ဖြေကြားချက် ၁ ခု

ဇင်ထူးနိုင်
ဇင်ထူးနိုင် 80,504 လွန်ခဲ့သော ၇ နှစ် က

ရေမဝပ်သော မြေတွင် စိုက်ပျိ ုးနိုင်သည် ပူနွေးစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အစေ့မှ လည်းကောင်း ကိုင်းဆက်၍ လည်းကောင်း စိုက်ပျ ိုးနိုင်ပါသည် အစေ့ဖြင့် စိုက်လျှင် မိုးဦး၌ ပျိ ုး ထောင်ရသည် ပျိုးပင်များ ၁လခွဲတွင် ပျိုးအိတ် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည် ၁ နှစ်သားရောက်လျှင် စိုက်ခင်းသို့ ပြောင်းစိုက်နိုင်ပါသည် စိုက်ကျင်းကို ၂ ပေ ပတ်လည် ၂ ပေ အနက် ဖြင့် တစ်ကျင်း နှင့် တစ်ကျင်း ပေ ၂၀ ခွာကာ တြိဂံ ပုံစံ စိုက်ပျိုးသင့်ပါသည် ၁ နှစ်သားပျိုးပင်များကို မိုးဦးတွင် ရွှေ့စိုက်နိုင်ပါသည် စိုက်ကျင်းများကို မြေဆွေးများ ထည့်ပေးရပါမည် ၁ နှစ်သားမှ စတင်ကာ မိုးဦးတွင် ၁ ကြိမ် ဆောင်းဦးတွင် ၁ကြိမ် နွားချေး နှင့် ဓာတ်မြေသြဇာများ ကို ပင်ခြေတွင် မြောင်းဖော်၍ ကျွေးနိုင်ပါသည် ရေသွင်းခြင်း ပေါင်းရှင်းခြင်း နှင့် ၁ နှစ်လျှင် ထယ် တစ်စပ်စီ ၂ ကြိမ် ဝင်ပေးခြင်းတို့ ပြုလုပ်ရပါမည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။