ဖြေကြားချက် ၁ ခု
မင်္ဂလာပါ ခင်ဗျ အပင်တွေမှာ ကျရောက်တဲ့ ပိုး၊ ရောဂါ တွေဟာ နေရာ ဒေသနဲ့ ရာသီဥတုကို လိုက်ပြီး ကျရောက်တာ ဖြစ်ပါတယ်။ ပိုးရောဂါ ကျရောက်မှုကို ကာကွယ်ဖို့ဆိုရင် ပထမဆုံး မိမိရဲ့ စိုက်ခင်း ပတ်ဝန်းကျင်မှာ ပေါင်းသန့်ရှင်းရေးလုပ်ခြင်း၊ စပါးဆိုလျှင် ဆားရေစိမ်ခြင်း၊ စိုက်ပျိုးရာမှာ ပင်ကြား တန်းကြား ပြောင်းလဲပေးခြင်း၊ ပိုးကျရောက်မှု ရှိမရှိ စစ်ဆေးရန် ပုံမှန် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ယူရီးယား ပုလဲမြေသြဇာကို ချိန်ဆထည့်ခြင်း၊ ပိုးရောဂါ တွေ့ရှိပါကလည်း ပိုးသတ်ဆေးများကို မှန်ကန်သော နှုန်းထားဖြင့် စနစ်တကျ အသုံးပြုခြင်းတို့ကို ပြုလုပ်ရပါမယ်။ ပြီးတော့စိုက်ခင်းထဲမှာ မိတ်ဆွေပိုးနဲ့ ရန်သူပိုးမျှတနေမယ်ဆိုရင် ဓာတုဆေးမသုံးသင့်ပါဘူး။ စောင့်ကြည့်သင့်ပါတယ်။ ပိုးကျလို့ နှိမ်နင်းမယ်ဆိုရင်လည်း ပိုးတစ်မျိုးကို ဓာတုဆေး အမျိုးအစား ၁ မျိုးတည်းကို ၂ ကြိမ် ၃ ကြိမ်ထက် ပိုအသုံးမပြုသင့်ပါဘူး။ ပိုးသတ်ဆေး ၁ မျိုးထဲကို ဆက်တိုက်သုံးနေမယ်ဆိုရင်တော့ ၁။ ပိုးများ ဆေးယဉ်ပါးလာခြင်း ၂။ မိတ်ဆွေပိုးနည်းပြီး အဖျက်ပိုးများလာခြင်း ၃။ ပတ်ဝန်းကျင်နှင့် လူများအပေါ်ထိခိုက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ် ခင်ဗျ။
ဆက်စပ်မေးခွန်းများ
စပါးပင် ဘာဖြစ်တာလဲဗျ ပင်ခြေတွေမှာ အာ့လိုတွေ ဖြစ်နေပါတယ် အပေါ်တစ်လျှောက် တက်တက်သွားပါတယ် ဘာရောဂါ ဖြစ်တာလဲဗျ...
ဖြေကြားချက် 2 ခု
စပါးဖလန်ဘာကြောင့်ဖြစ်ပေါ်လာပါသလဲ ခင်ဗျာ
ဖြေကြားချက် 0 ခု
စပါး အောက်လက်များ ဘာကြောင့် ခြောက်ရတာလဲ
ဖြေကြားချက် 2 ခု
ပိုးကိုက်ရင်ဘာလုပ်သင်လဲ
ဖြေကြားချက် 6 ခု
ဘာရောဂါဖြစ်တာလဲ
ဖြေကြားချက် 1 ခု