အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Naing Win
U Naing Win 3,596
လွန်ခဲ့သော ၇ နှစ် က · ကလော

နဂါးမောက်စိုက်ရင် ဝါးကြီးနဲ့တိုင်ပေးလို့ရလား ဝါးလုံးကပြောင်ချောဆိုတော့အမြစ်တွယ်ကပ်လို့ရနိုင်မရနိုင်သိချင်ပါတယ်။အုတ်တိုင်နဲ့သစ်သားတိုင်ကရှာဖွေရခက်ခဲမှုနဲ့ငွေကြေးအခက်ခဲကြောင့်ပါ။ဝါးတိုင်နဲ့စိုက်လို့ဖြစ်ရင် တပိုင်တနိုင်လေးစိုက်ပျိုးချင်လို့ပါဖြေကြားပေးပါဦးခင်ဗျ။ပုံထဲကအဲဒီလိုဝါးမျိုးပေါ့။

စိုက်ပျိုးနည်း နဂါးမောက်
Post image
8

ဖြေကြားချက် ၈ ခု

koayekyaw
koayekyaw 348 လွန်ခဲ့သော ၇ နှစ် က

ဝါးကိုခွားစရာမလိုဘူးဒီအတိုင်းတက်တယ်

koayekyaw
koayekyaw 348 လွန်ခဲ့သော ၇ နှစ် က

ကျွန်တော်ကဝါးနဲ့စိုက်ထားတာပါ ၃နှစ်ရှိပြီး ဝါးယားဝါးပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၇ နှစ် က

သိလ သိလ ပင်ခြား၊ တန်းခြား ၉×၁၂ပေခြား၍စိုက်ပျိုးနိုင်ပါတယ်။

ကိုဆွေ
ကိုဆွေ 11,566 လွန်ခဲ့သော ၇ နှစ် က

အပင်က တက်ပါတယ်။ နှစ်ရှည်ပင်ဖြစ်လို့ တိုင်ကို တစ်ဖြည်းဖြည်းချင်း အစားထိုးစေချင်တယ်။ ဝါးက အလွန်ဆုံး ၅ နှစ်ပေါ့

သိလ သိလ
သိလ သိလ 812 လွန်ခဲ့သော ၇ နှစ် က

တပင်နဲ့တပင်ဘယ်လောက်ခွာစိုက်ရလဲ

Hein Tin Aung
Hein Tin Aung 116 လွန်ခဲ့သော ၇ နှစ် က

ဝါးကို အပေါ်ခွံခပ်ပါးပါးခွာပေးလိုက်ရင်ကော၊ ကန့်လန့်ဖြတ် အစင်းတွေပေါ်အောင် ဓားနဲ့ခြစ်ပေးရင်ကော အမြစ်တွယ်မလားလို့

Thaw Zin,Htet
Thaw Zin,Htet 116 လွန်ခဲ့သော ၇ နှစ် က

ဝါးပင်နဲ့ရပါတယ် အဆင်ပြေတယ်ဆို သံတိုင်ထောင်ပေးရင် ပိုကောင်းပါတယ် သံဓာတ်လည်းရပါတယ်။

သိလ သိလ
သိလ သိလ 812 လွန်ခဲ့သော ၇ နှစ် က

တပင်နဲ့တပင်ဘယ်ကွာရလဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။