အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
234
လွန်ခဲ့သော ၇ နှစ် က · မြောင်

ကုလားပဲ အထွက်တိုးအောင်ဘယ်လို စိုက်ပျိုးရပါသလဲခင်ဗျ

စိုက်ပျိုးနည်း ကုလားပဲ
6

ဖြေကြားချက် ၆ ခု

117 လွန်ခဲ့သော ၁ နှစ် က

ကုလားပဲ

117 လွန်ခဲ့သော ၆ နှစ် က
အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က
234 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က

ကုန်ကျစရိတ်သက်သာပြီး အထွက်တိုးစေတာမို့ ဒီနည်းလမ်းလေးလည်း သိသင့်ပါတယ်။ ကုန်ကျစရိတ်နည်းပြီး ပဲမျိုးစုံအထွက် တိုးအောင် စိုက်ပျိုးနည်း

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က

ကုလားပဲသီးနှံ တစ်ဧက တင်း(၂၀)ထွက်ရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့် (၁) ကြိုတင် ပြင်ဆင်ခြင်း သဘာဝမြေသြဇာ၊ နွားချေး (၁)ဧက တင်း (၁၀ဝ-၁၅၀)ကို နေရာအနှံ့ ချပါ။ မြေခံ အဖြစ် ယူရီးယား (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက် (၁၂) ပြည် ထည့်ပါ။ အနည်းဆုံး ထယ် ၁ စပ်၊ ထွန် ၂စပ် ဝင်ပါ။ ရေဆင်း ကုလားပဲ နီ(၆)၊ ရေဆင်း ကုလားပဲဖြူ (၈)၊ ရွှေနီလုံးကြီး၊ ရေဆင်း ကုလားပဲဖြူ (၉) တို့ကို အသုံးပြုပါ (သို့မဟုတ်) ဒေသ အထွက်ကောင်းမျိုးများကို အသုံးပြုပါ။ (၁)ဧက အပင်ဦးရေ တစ်သိန်းသုံးသောင်း ရရှိရန် ပင်ကြား (၄)လက်မ၊ တန်းကြား (၁၂) လက်မ ထား၍ မျိုးစေ့ (၁)တင်းထိ အသုံးပြုနိုင်သည်။ မျိုးစေ့ကို မျိုးစေ့ လူးနယ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်ပါ။ (၂) စိုက်ပျိုးခြင်း ကုလားပဲ မျိုးစေ့များကို ပဲမြစ်ဖုမြေသြဇာ တစ်ထုပ်နှင့် သမအောင်ရောနယ်ပါ။ အပင်ပေါက်ကောင်းစေရန် ထွန်ကြောင်း အတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၃ လက်မ အတွင်း ချ၍ စိုက်ပျိုးပါ။ အပင်ငယ်စဉ် အတွင်း လှေး၊ ကျိုင်း၊ ပျ၊ ရွက်စားပိုး၊ မွှားပင့်ကူနီများ ကျရောက်တတ်သောကြောင့် ပင်လုံးပြန့် အာနိသင်ရှိသော တစ်မျိုးမျိုး ဖျန်းပါ။ ညှိုးသေရောဂါ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တမျိုးမျိုး ဖျန်းပါ။ ပေါင်းမြက် ကင်းစင်အောင် ၁၅ ရက်ခြားပြီး ၂ ကြိမ်ဆောင်ရွက်ပါ။ ရွက်ဖျန်းမြေသြဇာ အရည်ကို ၁၅ရက် ခြားပြီး ဖျန်းနိုင်သည်။ ပန်းစပွင့်ချိန်တွင် အစိုဓာတ်နှင့် အာဟာရဓာတ်များ မပြတ်စေရန် အရေးကြီးသည်။ ပန်းများ ပွင့်အားကောင်းစေရန် တီစူပါနှင့် ပိုတက် (P & K) ပါဝင်မှု များသော ရွက်ဖျန်းမြေသြဇာကို အသုံးပြုပါ။ သီးနှံသက်တမ်း တလျှောက်တွင် ပင်ညှိး၊ မြစ်ခြောက်ဆွေး၊ ပင်ခြေပုပ်ရောဂါများ ကျရောက်တတ်သောကြောင့် မှိုသတ်ဆေး တစ်မျိုးမျိုးကို (၁၅)ရက်ခြား ဖျန်းနိုင်သည်။ ရက် ၆၀နှင့် ၈၀ ဝန်းကျင်တွင် အသီးနှင့် အစေ့အဆံ တည်သော အချိန်ဖြစ်သောကြောင့် သီးလုံးဖောက်ပိုးကိုလည်း ဂရုစိုက်ရမည်။ ဤအချိန်တွင် အပင်သည် စိမ်းစိုပြီး ကျန်းမာနေရမည်။ အပင် အတွက် အာဟာရ လိုအပ်ချက်သည်လည်း အမြင့်ဆုံး ဖြစ်သည်။ ကုလားပဲ စိုက်ပျိုးနည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။