အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ခိုင်မင်း
လွန်ခဲ့သော ၇ နှစ် က · ဖြူး

ခရမ်းချဉ်စောပင်နာကျနှင့်နှောင်းပင်နာကျရောဂါအကြောင်းပြည့်စုံစွာသိချင်ပါတယ်။ ဘာကြောင့်ဖြစ်သလဲ။ ဘယ်လိုကာကွယ်ရမလဲ။

Post image
Post image
6

ဖြေကြားချက် ၆ ခု

အောင်ခိုင်မင်း
အောင်ခိုင်မင်း 1,165 လွန်ခဲ့သော ၆ နှစ် က

ပညာရှင်ကပြန်မေးနေတော့စာမေးပွဲစစ်တာလား

SAIHTET
SAIHTET 175 လွန်ခဲ့သော ၆ နှစ် က

ဒီဟာကရောဘာဖြစ်တာလည်းဗျ

အောင်ခိုင်မင်း
အောင်ခိုင်မင်း 1,165 လွန်ခဲ့သော ၇ နှစ် က

အခုလိုဖြေပေးတာကျေးဇူးပါ

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

မှိုရောဂါတွေက ရောဂါကျအပင်ကြွင်းကျန်တွေကြောင့် ဖြစ်တာများပါတယ် သီးလှည့်စိုက်ပျိုးခြင်း မစိုက်မီ နဲ့ အပင်ကြီးထွားချိန် ပေါင်းကင်းစင် ဖို့လည်း လိုပါတယ်

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

နှောင်းပင်နာကျက အရွက်နားနဲ့ထိပ်ဖျားပိုင်းတွေမှာ အစိမ်းရောင် ရေစိုနာကွက်ကို စတင်တွေ့ရပြီး အညိုရောင်ပြောင်း အရွက်ခြောက်သွားပါတယ်။ အရွက်အောက်မျက်နှာမှာ အဖြူရောင် မှိုမျှင်တွေ့ရပြီး အသီး နဲ့ အကိုင်းတွေမှာလည်း ရောဂါကျပါတယ်။ အေးပြီးစွတ်စိုတဲ့ရာသီဥတုမှာ ရောဂါပိုဖြစ်စေပြီး လေအားဖြင့် မှိုရောဂါပြန့်ပါတယ်။ ai မက်တာလက်ဇီး ပါတဲ့ မှိုသတ်ဆေးကို သုံးစွဲရပါမယ်

ayethandasoe
ayethandasoe 31,851 လွန်ခဲ့သော ၇ နှစ် က

ခရမ်းချဉ် စောပင်နာကျက အောက်ခြေအရွက်ရင့်တွေမှာ ညိုမဲရောင်အဝိုင်းရစ်အကွက်အဝါရောင်အနားသားများနဲ့အနာကွက် စတင်ပြီး ရောဂါပြင်းထန်က တရွက်လုံးဝါခြောက်ပြီး အပေါ်အရွက်ကို ကူးပါတယ်။ရိုးတံနဲ့ပင်စည်မှာရောဂါကျရင် အနာကွက်ကို ရှည်မျောမျောပုံ တွေ့ရပါတယ် ရောဂါရ ပင်ကြွင်းကျန် နဲ့ ပေါင်းမြက်များတွင် ရာသီ တခုပြီးတခု မိုး လေ တို့ဖြင့် ကူးစက်ပါတယ် ။ ရောဂါခံနိုင်ရည်ရှိတဲ့မျိုးစိုက်ပါ။ အပင်ကြွင်းကျန်မရှိစေရန် မီးရှို့ပါ။ မှိုသတ်ဆေး ai မန်ကိုဇက် တဲ့ မှိုသတ်ဆေးကို အညွှန်းပါအတိုင်း ဖြန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။