အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးစောမောင်ဌေး
လွန်ခဲ့သော ၃ ရက် က · ကျောင်းကုန်း

ပဲကျဲပြီး 18ဗန်းနဲ့ 2စက် ထွန်လိုက်ပါတယ် တချို့နေရာတေက ထယ်ဖက်တေကြီးသွားလို့ ပေါက်နိုင်ပါ့မလား ဆရာခင်ဗျ ပဲတီစိမ်းပါ

စိုက်ပျိုးနည်း ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 474,597 လွန်ခဲ့သော ၃ ရက် က
ဤအဖြေဖြင့် ပြေလည်

@ဦးစောမောင်ဌေး ပဲတီစိမ်းမျိုးစေ့က အရွယ်သေးငယ်တဲ့အတွက် မြေအနက် ၁ လက်မကနေ ၁ လက်မခွဲအတွင်းမှာပဲ အကောင်းဆုံး အပင်ပေါက်နိုင်ပါတယ်။ ပဲကျဲပြီး ၁၈ ဗန်းနဲ့ ၂ စက် ထွန်လိုက်တဲ့အခါ မြေသားညက်တဲ့နေရာတွေမှာ ပုံမှန်အတိုင်း ပေါက်နိုင်ပေမယ့် ထယ်ဖက်ကြီးတွေ အောက်ရောက်သွားတဲ့ မျိုးစေ့တွေကတော့ အနက်လွန်ပြီး မြေပေါ်ထိုးမထွက်နိုင်ဘဲ ပုပ်သွားတတ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ မြေအစိုဓာတ် မှန်နေသေးရင် ခပ်ပါးပါး ကြမ်းတုံးရိုက်ပြီး ထယ်ဖက်တွေကို ချေပေးပါ။ စိုက်ပြီး ၅ ရက်ကနေ တစ်ပတ်အတွင်း စောင့်ကြည့်ပြီး မပေါက်ဘဲ ကွက်ကျားဖြစ်နေတဲ့ နေရာတွေကိုတော့ မျိုးစေ့အနည်းငယ် ပြန်ဖာထေး စိုက်ပျိုးပေးဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။