ဖြေကြားချက် ၃ ခု
@ဦးဝင်း မိုးစပါးရိတ်သိမ်းပြီးချိန်တွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး (အလင်းရောင်တုံ့ပြန်မှုမရှိသော) စိုက်ပျိုးနိုင်သည့် သက်တမ်းတို အထွက်ကောင်းစပါးမျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ အထူးသဖြင့် ရေဆင်း-၁ (ရက် ၉၀-၉၅)၊ ရွှေသွယ်ရင် (၁၀၅-၁၁၀ ရက်)၊ သီးထပ်ရင် (၁၁၅ ရက်)၊ ရတနာတိုး (၁၁၅-၁၂၀ ရက်)၊ ဆင်းဧကရီ-၃ (၁၂၅ ရက်)၊ မနောသုခ (၁၃၅ ရက်) နှင့် စပ်မျိုးစပါးဖြစ်သည့် ပုလဲသွယ် (၁၀၀-၁၁၅ ရက်) တို့သည် ရာသီမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ စိုက်ပျိုးရေ လုံလောက်စွာ ရရှိပါက ယင်းမျိုးများကို စိုက်ပျိုးနိုင်သော်လည်း ဒီဇင်ဘာနှင့် ဇန်နဝါရီလများကဲ့သို့ အအေးလွန်ကဲချိန်တွင် စိုက်ပျိုးပါက အပင်ကြီးထွားမှုနှေးခြင်းနှင့် အဖျင်းများခြင်း မဖြစ်စေရန် အအေးဒဏ်နှင့် ပန်းပွင့်ချိန်ကို ချိန်ဆစိုက်ပျိုးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဆင်းသုခစပါး သက်တမ်း 40 မှာ ရွက်ဖျား 1 လက်မခြောက်နေလို့ဗျ ရောဂါလား ဆေးဖြန်းဖို့လိုရင် ဘာဆေးတွေ သုံးရမလဲ လမ်း...
ဖြေကြားချက် 1 ခု
နွားသေးအချဉ်ဖောက်ရည် ကို စပါးခင်းအတွက် ဘယ်အချိန်ထိဖျန်းရသလဲဆရာ
ဖြေကြားချက် 1 ခု
အဲ့ဒီခြေနေမှာ အဆီဖိတ်လိုမျိုးဆေးကိုဖြန်းလို့ရလားဗျ
ဖြေကြားချက် 1 ခု
ပေါ်ဆန်း (ဘေးကြား) ခင်းဖြုတ်ကျရင် ဘာဆေးတွေကောင်းလဲဗျ ကျွန်တော်တို့ နယ်ဘက်မာတော့ ဝူရှူး၊ ပိုင်ဒီ၊ နော့ဒေါင်း စ...
ဖြေကြားချက် 1 ခု
ဆရာလယ်ထဲမှာအဲ့လိုအပင်တွေအရမ်းများနေပါတယ်ဆေးဖျန်းပြီး၁ပက်ကျော်လောက်ရှိပါပြီးမသေပါဘူးဆရာလမ်းညွန်ပါအုံးဆရာ
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ