အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
kyaw win htun
လွန်ခဲ့သော ၃ ရက် က · ပန်းတနော်

ပြောင်းခင်းဖြန်းလို့ရသလားခင်ဗျ

စိုက်ပျိုး ဗဟုသုတ ပြောင်း
Post image

ဖြေကြားချက် ၆ ခု

သော်ဇင်
သော်ဇင် 463,160 လွန်ခဲ့သော ၃ ရက် က
ဤအဖြေဖြင့် ပြေလည်

@kyaw win htun ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,628 လွန်ခဲ့သော ၂ ရက် က

ပြောင်း ရွေးချယ်ပေါင်းသတ်ဆေး တွေ သီးသန့်ရှိကြပါတယ်။ တူးဖိုးဒီ က နုန်းထား၊အရွယ်အစား၊ဖျန်းနည်းစနစ် လွဲချော်ရင် ပြောင်းပင် ကိုထိခိုက်နိုင်ပါတယ်။

သော်ဇင်
သော်ဇင် 463,160 လွန်ခဲ့သော ၂ ရက် က

@မောပ်တိုးတတ် မရပါဘူး၊ကြက်သွန်ပင်ပါသေပါလိမ့်မယ်

မောပ်တိုးတတ်
မောပ်တိုးတတ် 358 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ကြက်သွန်ခင်းရောရောဖျန်းရလား

kyaw win htun
kyaw win htun 65 လွန်ခဲ့သော ၃ ရက် က

ဟုတ်ကဲ့ကျေးဇူးပါဗျ

သော်ဇင်
သော်ဇင် 463,160 လွန်ခဲ့သော ၃ ရက် က

@kyaw win htun ပုံပါ အမေ့ဇင်း (AMAZING) ပေါင်းသတ်ဆေးကို ပြောင်းခင်းထဲတွင် သတိထား၍ ဖျန်းလို့ရပါတယ်။ ယင်းဆေးသည် ရွက်ပြန့်ပေါင်းနှင့် မြက်မုန်ညင်းမျိုးများကိုသာ ရွေးချယ်သတ်ပေးသော ဆေး (2,4-D Dimethylamine 72%) ဖြစ်သောကြောင့် မြက်မျိုးနွယ်ဝင် ပြောင်းပင်ကို မသေစေပါဘူး။ သို့သော် ပြောင်းပင်အရွက် ၃ ရွက်မှ ၅ ရွက် ထွက်ချိန် (အပင်အမြင့် ၈ လက်မအောက်) တွင်သာ ပက်ဖျန်းသင့်ပြီး အရွက် ၆ ရွက်ထက်ကျော်လွန်ချိန်နှင့် အဖူးဝင်ချိန်များတွင် လုံးဝမဖျန်းသင့်ပါဘူး။ ထို့အပြင် ဆေးဖျန်းရာတွင် ပြောင်းပင်အလယ်အူတိုင်ထဲသို့ ဆေးရည်စုပုံမကျစေရန် ဂရုစိုက်ရမည်ဖြစ်ပြီး အပင်မြင့်ပါက အောက်ခြေပေါင်းပင်များကိုသာ နှိမ့်ဖျန်းရပါမယ်။ ဤဆေးသည် မြက်အုပ်စုဝင်ပေါင်းများကို မသေစေနိုင်သည့်အပြင် လေလွင့်ပါက အနီးရှိ ပဲခင်းနှင့် နှမ်းခင်းများ ပျက်စီးနိုင်သောကြောင့် လေငြိမ်ပြီး နေအေးချိန်တွင် ဗူးပါညွှန်ကြားချက်အတိုင်း တိကျစွာ ဖျန်းပေးရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။