အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
MYO ZAW HTET
MYO ZAW HTET 49
လွန်ခဲ့သော ၂ ရက် က · ဝက်လက်

ပေါ်ဆန်ဘေးကြား ဖြုတ်ကျနေလို့ dinotefuran 20% +pymetrozine 50 ပါတဲ့ဆေးအမျိုးအစားဖြန်းမလို့ပါ စပါးပင်က အနှံထွက်ပြီးအပွင့်တဲ့အချိန်မှာဖြစ်နေလို့ ဖြန်းလို့ရမလားခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ပိုးမွှားရောဂါ စပါး

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 448,312 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@MYO ZAW HTET စပါးစိုက်ခင်းတွင် ဖြုတ် ကျရောက်နေသော်လည်း စပါးပင်များ အစွမ်းကုန် ပန်းပွင့်ဝတ်မှုန်ကူးနေသည့် အချိန်တွင် ဆေးဖျန်းပါက ဝတ်မှုန်ကူးမှုကို ပျက်စီးစေပြီး စပါးအဖျင်းအမှော် အဆမတန် များပြားသွားနိုင်ပါတယ်။ သို့သော်ဖြုတ်က ဖျက်ဆီးမှု ပြင်းထန်၍ Dinotefuran 20% + Pymetrozine 50% ဆေးကို မဖြစ်မနေ ဖြန်းရမည်ဆိုပါက စပါးပွင့်များ ပိတ်ထားသည့် ညနေစောင်း (၃ နာရီခွဲနောက်ပိုင်း) တွင်သာ အပင်ခြေအရောက်ဖြန်းပေးရပါမယ်။ နေပူရှိန်ပြင်းပြီး စပါးပွင့်များ ပွင့်အာနေသည့် မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း လုံးဝ (လုံးဝ) ဆေးမဖြန်းရပါဘူးခင်ဗျာ။ ညနေပိုင်းဖျန်းပေးလို့ရပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။