ဖြေကြားချက် ၁ ခု
@Thawzinaung အယ်နီညိုရာသီဥတု၏ ပူပြင်းခြောက်သွေ့မှုနှင့် မြေဆီလွှာအစိုဓာတ် လျင်မြန်စွာခန်းခြောက်မှုဒဏ်ကို ကျော်လွှားနိုင်ရန်အတွက် ခြောက်သွေ့ဒဏ်ခံ သက်တမ်းတိုမျိုးများဖြစ်သော ရေဆင်း-၆၊ ၈၊ ၁၁ ကုလားပဲမျိုးများကို ဦးစားပေးရွေးချယ်ရပါမယ်။ စိုက်ပျိုးရာတွင် မြေတွင်းအစိုဓာတ်မဆုံးရှုံးစေရန် ထွန်ရေးကို လျှော့ချပြင်ဆင်ပြီး ကောက်ရိုးဖြင့် မြေဖုံးအုပ်ပေးရပါမယ်။ အပင်အတွက် အရေးကြီးဆုံးဖြစ်သည့် ပန်းပွင့်ချိန်နှင့် သီးကင်းဝင်ချိန်များတွင် မနက်စောစော သို့မဟုတ် ညနေပိုင်း၌ အရန်ရေစနစ်တကျသွင်းပေးရမည့်အပြင်၊ အပူချိန်မြင့်မားချိန်တွင် ကျရောက်တတ်သော သီးလုံးဖောက်ပိုးနှင့် စုပ်စားပိုးများကိုလည်း ပုံမှန်စစ်ဆေးကာကွယ်နှိမ်နင်းခြင်းဖြင့် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ကုလားပဲ ဘယ်ချိန်စိုက်သင့်လည်း ရှမ်းပြည်နယ်မှာ စိုက်လို့ရပါသလား
ဖြေကြားချက် 1 ခု
ကုလားပဲမျိုး 929အကြောင်းသိချင်လို့ပါ
ဖြေကြားချက် 1 ခု
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
ဖြေကြားချက် 2 ခု
ကျွန်တော်ဒေသဘက်မှာဗျ အထွက်နှုန်းကျဆင်းရေတဲ့အကြောင်းပြောပြပေးပါဗျ ရာသီဥတုကြောင့်လား မြေဆီလွှာ မြေဩဇာ နည်းလို့...
ဖြေကြားချက် 2 ခု
နှမ်းစိုက်ပျိုးနည်းအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု