အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုဖြိုး
လွန်ခဲ့သော ၁ ပတ် က · မှော်ဘီ

ကြက်မောက်ပင် လူတစ်ရပ်ဝန်းကျင်အရွယ်ကို ဘယ်လိုရေပေးရမလဲခဗျ ရေများများပေးသင့်လား နည်းနည်းပဲလားခဗျ ဆရာဆရာမတို့ဖြေပေးပါဦး

စိုက်ပျိုး ရေ ကြက်မောက်သီး

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 456,391 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@ကိုဖြိုး လူတစ်ရပ်ခန့်ရှိသော ကြက်မောက်ပင်သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါဘူး။ ရေလောင်းရာတွင် အလွန်အကျွံ အများကြီးလောင်းခြင်း သို့မဟုတ် နည်းနည်းလေးပဲ လောင်းခြင်းမျိုး မလုပ်ဘဲ မြေဆီလွှာ အမြဲစိုစွတ်နေရုံမျှသာ ခပ်ဖြည်းဖြည်းနှင့် ဝဝလင်လင် လောင်းပေးရပါမယ်။ နွေရာသီတွင် ၂-၃ ရက်လျှင် တစ်ကြိမ်၊ ဆောင်းရာသီတွင် ၇-၁၀ ရက်လျှင် တစ်ကြိမ် မြေအခြေအနေကို ကြည့်၍ လောင်းပေးသင့်ပြီး၊ အစိုဓာတ်ထိန်းရန် ပင်ခြေကို ကောက်ရိုး သို့မဟုတ် သစ်ရွက်ခြောက်များဖြင့် မြေဖုံးပေးထားသင့်ပါတယ်။ ရေဝပ်လျှင် အမြစ်ပုပ်တတ်သဖြင့် ရေနုတ်မြောင်း ကောင်းမွန်ရန်လည်း လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ကိုဖြိုး
ကိုဖြိုး 126 လွန်ခဲ့သော ၆ ရက် က

@U Mg Mg Htwe ကျေးဇူးပါဆရာ ခုလိုမိုးရွာထားချိန်ရော

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,378 လွန်ခဲ့သော ၁ ပတ် က

ကိုဖြိုး ကြက်မော်ပင်ကိုမိုူပြတ်တာနဲ့ရေပေးရပါမယ်အပင်ချေမှနှစ်ပေခန့်တွင်ရေသွင်းရန်ပတ်လည်မြောင်းတူးပြီးကျင်ပြုလုပ်ပြီးရေသွင်းပါကျင်းထဲမှာမြေဆွေးတ်ု့ဓာတ်မြေသြဇာတို့ကိုထည့်ပေးနိုင်တယ်အစိုဓာတ်ထိန်းရန်ကောက်ရိုးမြက်ခြောက်တို့ဖြင့်ဖုံးပေးပါမိမိမြေသားကိုလိုက်၍ရေကိုဝအောင်ပေးပြီးသုံးလေးရက်ခြားပေးပါရေနည်းနဲနဲ့ခဏခဏပေးရင်အမြစ်များအေ.က်မဆင်းဘဲအပေါ်ရန်မှာသာနေတတ်တယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပုံပါစပါးခွံမီးသွေးကိုအပင်ခြေမှာအုံပေးလိုအဆင်ပြေလား အပင်ကမြေချတနှစ်ပြည့်ပါပီ

ဖြေကြားချက် 1 ခု

ပုံပါလွှစာမုန့်ကို ဘာမှမလုပ်ပဲ ဒီအတိုင်းအပင်ခြေရင်းမှာအုပ်ပေးလို့ရလား အပင်ရဲ့အစိုဓါတ်ထိမ်းပေးမလို့ပါ

ဖြေကြားချက် 4 ခု

ပုံပါသည့်အတိုင်း အရွက်နုတက်ဝါနေတာကို ဆားခါး ထမင်းစားဇွန်း ၃ ဇွန်းဖြူးထားတယ် အဆင်ပြေပါသလား အပင်ရဲ့သက်တမ်းက မြေ...

ဖြေကြားချက် 2 ခု

ကြက်မောက်အသီးရဲ့အသားပြည့်တင်းစေရန် ဆေးဝါးနှင့်အစာကျွေးစနစ်လေးပြောပြကြပါဗျ

ဖြေကြားချက် 2 ခု

နွား/ကြက်ချည်းဖြင့်မြေဆွေးလုပ်တဲ့အခါမှာ ချပိုးတွေလာတဲ့အတွက် ချဆေးဖြူးပေးရတယ် အဲဒါ အပင်အကျိုးပြုဇီဝပိုးတွေရော...

ဖြေကြားချက် 1 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။