အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung kaung myat
လွန်ခဲ့သော ၁ ရက် က · ရေကြည်

ဘာရောဂါ လည်းဆရာတို့ ဘာဆေးဖြန်းသင့်လည်းဗျ အပန်းမကြီးရင် ဖြေကြားပေးပါခင်မျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
စိုက်ပျိုးနည်း မတ်ပဲ
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 437,308 လွန်ခဲ့သော ၁ ရက် က

@Aung kaung myat မတ်ပဲအရွက်ဟောင်းများတွင်သာ အရောင်ပြောင်းလဲနေခြင်းနှင့် မကြာသေးမီက Mancozeb မှိုသတ်ဆေးဖျန်းထားခြင်းတို့ကြောင့် ဆေးလောင်ခြင်း ဖြစ်နိုင်ခြေကို စစ်ဆေးသင့်ပါတယ်ခင်ဗျာ။ Mancozeb ကို ဆေးနှုန်းထားများခြင်း၊ အခြားရွက်ဖျန်းအားဆေးများနှင့် ရောစပ်ခြင်း၊ အပူချိန်မြင့်ချိန်ဖျန်းခြင်းတို့ရှိပါက အရွက်ထိခိုက်နိုင်ပါတယ်။ ဆေးဖျန်းပြီး ၁–၅ ရက်အတွင်း ဆေးထိတွေ့ခဲ့တဲ့ အရွက်တွေမှာခြောက်သွေ့တဲ့အကွက်တွေ ပေါ်လာပါက ဆေးလောင်မှုဖြစ်နိုင်ခြေ ပိုများပါတယ်။Potassium (K) ချို့တဲ့မှု၊ အရွက်ကြောကြားဝါလာပါက Magnesium (Mg) ချို့တဲ့ရင်လည်းဖြစ်တတ်တာမို့ အနည်းလိုအဟာရရွက်ဖျန်း အားဆေးကို အမိုင်နိုအက်စစ်အားဆေးဖြင့်ရောဖျန်းပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Kyaw zin
Kyaw zin 64 လွန်ခဲ့သော ၁ ရက် က

မြေအစိုဓာတ်များလို့(သို့မဟုတ်)မိုးရွာတုန်းကရေဝပ်ထားလို့ဖြစ်တာပါ နောက်ကျပျောက်သွားလိမ့်မယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။