အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ကိုလတ်
လွန်ခဲ့သော ၁ ပတ် က

ဆရာတို့ခင်ဗျာ ကျနော် နှစ်စဥ်ကုလားပဲ ကြဲနေကြပါ သည်နှစ် ပဲနီကြားကျဲမလို့ အခုမြေက ခြောက်သွားလို့ ရေတင်ပြီးမှ မြေခြောက်မှ ပြန်ကြဲရင် နောက်ကြနိုင်မလား / တခြားဘာပဲမျိုးက တောင်သူတွက်ခြေကိုက်နိုင်မလည်း (နှုန်းကြမ်း မြေ​မျိုးစား)ပါခင်ဗျာ

စိုက်ပျိုး ဗဟုသုတ ပဲနီကြား

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@ကိုလတ် ဟုတ်ကဲ့၊ရနိုင်ပါတယ်ခင်ဗျာ၊သို့ပေမယ့်မျိုးစေ့ဝယ်ယူတာအကောင်းဆုံးပါခင်ဗျာ၊ ပဲနီကြားစိုက်ချင်တယ်ဆိုလည်းစိုက်နိုင်ပါတယ်၊ ရေလိုအပ်ရင်ရေသွင်းပေးနိုင်မယ်၊ဈေးကွက်လည်း မိမိဒေသမှာ ကောင်းတယ်၊ မျိုးစေ့လည်းရှိတယ်ဆိုရင်တော့ ပဲနီကြားစိုက်လည်းရပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ကိုလတ်
ကိုလတ် 472 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် ကုလားပဲက ပေါ်ချိန်ကြ စျေးအရနည်း​နည်းနေလို့ ပဲတီစိမ်း/ပဲလွန်းတို့ကျ မျိုး​ကို ပွဲရုံမှာ ဝယ်စိုက်ရင်ရလားခင်ဗျာ

သော်ဇင်
သော်ဇင် 453,477 လွန်ခဲ့သော ၁ ပတ် က

@ကိုလတ် လက်ရှိ နိုဝင်ဘာလဆန်းပိုင်းမှာ ရေတင်ပြီး မြေအစိုဓာတ်ပြန်သွင်းကာ ပဲနီကြား စိုက်ပျိုးမယ်ဆိုရင် နောက်မကျသေးပါဘူးခင်ဗျာ။ ပဲနီကြားဟာ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း စိုက်ပျိုးလေ့ရှိတဲ့ သီးနှံဖြစ်လို့ အခုရက်ပိုင်း ရေသွင်းပြီး ကြဲမယ်ဆိုရင် အပင်ပေါက် ညီညာနိုင်ပါတယ်။ ဒါပေမဲ့ ရေတင်စရိတ် (စက်သုံးဆီ/မီးဖိုး) ကြီးမြင့်နေမယ်ဆိုရင်တော့ အကျိုးအမြတ် နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ရေတင်စရိတ် သက်သာချင်တယ်ဆိုရင် ကိုလတ်တို့ရဲ့ နုန်းကြမ်းမြေနဲ့ ကိုက်ညီပြီး အစိုဓာတ်အနည်းငယ်နဲ့ ဖြစ်ထွန်းနိုင်တဲ့ မူလစိုက်နေကျ ကုလားပဲ၊ သက်တမ်းတို ဆောင်းပဲတီစိမ်း နဲ့ ရေငတ်ဒဏ်ပိုခံနိုင်တဲ့ ပဲလွမ်း၊ ပဲယင်း တို့ကို ပြောင်းလဲစိုက်ပျိုးတာက တောင်သူအတွက် ပိုပြီး တွက်ခြေကိုက် စိတ်ချရမှာ ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။