အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဒေါ်ဇာနည်လင်း
လွန်ခဲ့သော ၁ ပတ် က · ထန်းတပင်

မင်္ဂလာပါ ကျွန်မရွှေပန်းအဖူးတွေပုတ်လို့ပါ အဖူးပုတ်တဲ့ပုံစံကအဖူးကောင်းတစ်ခုထွက် ပြီးအဖူးထပ်မလာတော့ပဲအထဲကိုခွာကြည့်တဲ့အခါပုတ်နေတာပါ ရှင့်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ပိုးမွှားရောဂါ ငွေပန်း

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 451,723 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

@ဒေါ်ဇာနည်လင်း အထက်ပါ အဖြေအတိုင်း ပြုစုပေးပါခင်ဗျာ၊ ရောဂါကျအဖူးများတော့ ကုသ၍မရတော့ပါ၊ နောက်ထွက်သည့်အဖူးများ မဖြစ်ရန်တော့ အထက်ပါအတိုင်းပြုစုလိုက်မယ်ဆို သက်သာသွားပါလိမ့်မယ်။ ပုံတင်မေးပေးရင်တော့ ပိုဆွေးနွေးပေးလို့ကောင်းတာပေါ့ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်အမှန်ခြစ်၍သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Thar Po
Thar Po အတည်ပြုပြီး 36,046 လွန်ခဲ့သော ၁ ပတ် က

အထူးထဲကို မိုးရေဝင်ပြီး နေပူလွန်းရင် အပူလောင်ပြီးပုပ်တတ်ပါတယ်။

ဒေါ်ဇာနည်လင်း
ဒေါ်ဇာနည်လင်း 61 လွန်ခဲ့သော ၁ ပတ် က

ဖျက်ပိုးမရှိပါဆရာ

သော်ဇင်
သော်ဇင် 451,723 လွန်ခဲ့သော ၁ ပတ် က

@ဒေါ်ဇာနည်လင်း ရွှေပန်းအဖူးများ အတွင်းပိုင်းမှ မည်းပုပ်ပြီး မပွင့်နိုင်ခြင်းမှာ အဖူးထိုးပိုး (လောက်ကောင်) များ အဖူးအတွင်းသို့ ကိုက်ဖောက်ဝင်ရောက် စားသောက်ခြင်းကြောင့် သို့မဟုတ် အစိုဓာတ်လွန်ကဲရာမှ ဖြစ်ပွားတတ်သော အဖူးပုပ်မှိုရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဖျက်ပိုး ‌ကြောင့်ဆိုပါက ဖြေရှင်းရန်အတွက် ဦးစွာ အဖူးပုပ်များကို ဆွတ်ခူး၍ ဥယျာဉ်ပြင်ပ၌ မီးရှို့ဖျက်ဆီးပါ။ ထို့နောက် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ပိုးသတ်ဆေးဖြစ်သော အီမာမက်တင် ဘန်ဇိုအိတ် (Emamectin benzoate) Imidacloprid, Fipronilဆေးတစ်မျိုးမျိုး သုံးစွဲလေ့ရှိတယ်။ မှိုရောဂါကြောင့်ဆိုပါက မှိုသတ်ဆေးဖြစ်သော အဇိုဆီစထရိုဘင် (Azoxystrobin) မှိုဆေးကို ဆေးနှုန်းထားအတိုင်း ၇ရက်ခြား၍ စနစ်တကျ ပက်ဖျန်းပေးရပါမယ်။အပင်များကို စိပ်လွန်းစွာ မစိုက်ဘဲ လေဝင်လေထွက်နှင့် နေရောင်ခြည် ကောင်းစွာရရှိအောင် ဆောင်ရွက်ပါ။ရေလောင်းသည့်အခါ အပင်ခြေကိုသာ လောင်းပေးပြီး အဖူးများနှင့် အရွက်များပေါ်သို့ ရေမတင်ကျန်အောင် ဂရုစိုက်ပါ။ ဘာကြောင့်ဖြစ်လဲသိရန်က်တိုင်ဖျက်ပိုးရှိမရှိစစ်ဆေးပါ၊ဖျက်ပိုးမရှိပါကရောဂါကြောင့်ဖြစ်တာပါခင်ဗျာ၊ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ကျွန်မကရွှေပန်းစိုက် တောင်သူတစ်ယောက်ပါ ရွှေပန်းတွေအပွင့်များများပွင့်အောင် ဘာမြေသြဇာကျွေးရမလဲ ဘယ်လို...

ဖြေကြားချက် 2 ခု

ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရ...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ

ဖြေကြားချက် 2 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။