အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hlaing Min Tun
လွန်ခဲ့သော ၁၅ နာရီ က · ကျုံပျော်

မိုခါမျိုး 37ရက်သား ွ 30ရက်သားလောက်က အားဆေး( ရွှေမိုးငွေမုးိ)3ရက်လောက်ကြာတော့ပုံပိုးသတ်ဆေး ကို အရွက်ကိုက်ပိုးတွေကျလို့ ဖြန်းလိုက်တယ် ယခုချိန်ထိပွင့်ထွေးရျတာတော့ မတွေ့ရသေးဘူးဆရာတို့ ဘာဆေးတွေ ထပ်ဖြန်းသင့်လဲဆရာတို့။ နောက်တစ်ခု တစ်ချို့အပင်တွေက ပင်စည်အရိုး မပွပဲပိန်ပြီးရှည်တက် သွားတယ် ဘာဆေးဖြန်းသင့်လဲ ၊ ခုမှပက်တဲ့အပင်တွေကိုလည်းအဲ့လိုမဖြစ် ဘယ်လို ကာကွယ်ရမလဲ ဘာဆေးဖြန်းသင့်လဲ ဖြေပေးပါဦးဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃၇ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
စိုက်ပျိုး ရေ မတ်ပဲ
Post image
Post image
Post image
Post image
Post image
+၃

ဖြေကြားချက် ၂ ခု

Soe Moe
Soe Moe 915 လွန်ခဲ့သော ၁၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

အပင်ထူလွန်းလို့ အပင်ပိန်ရှည်ဖြစ်လာတာပါ။ လေဝင်လေထွက်အားနည်းတဲ့အတွက် ပိုးရောဂါတော့ သတိထားစောင့်ကြည့်ပါ။ လောလောဆယ် ပိုးမတွေ့သေးတဲ့အတွက် ကြိုဖျန်းစရာတော့ မလိုသေးပါဘူး။ ပန်းစထွက်တဲ့ကာလမှာ အသီးတင်အောင် ပုလဲလက်ချား ဖျန်းပေးပါ။ ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

သော်ဇင်
သော်ဇင် 425,842 လွန်ခဲ့သော ၈ နာရီ က

@Hlaing Min Tun မတ်ပဲသက်တမ်း ၃၇ ရက်သားတွင် အပင်များ အလွန်ထူထပ်လွန်းခြင်းကြောင့် နေရောင်ခြည်နှင့် အာဟာရလုရပြီး ကိုင်းမဖြာဘဲ အပေါ်သို့ ပိန်ရှည်တက်သွားခြင်း ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အပင်ကို ပိုမိုပိန်ရှည်စေမည့် နိုက်ထရိုဂျင် (ယူရီးယား) ပါဝင်သော အားဆေးများကို လုံးဝရပ်တန့်ရမည်ဖြစ်ပြီး၊ အပင်အဆစ်ကျစ်လျစ်စေကာ ကိုင်းဖြာမှုနှင့် ပန်းပွင့်ခြင်းကို အားပေးမည့် ကယ်လ်စီယမ် ဘိုရွန် (Calcium Boron) သို့မဟုတ် အမိုင်နိုအက်ဆစ် ကို ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ် မြင့်မားသော ရွက်ဖျန်းမြေသြဇာ (10:52:10 သို့မဟုတ် 0:52:34) နှင့် တွဲဖက်၍ မနက်စောစော သို့မဟုတ် ညနေအေးချိန်တွင် စနစ်တကျ ပက်ဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ပိုး၊ရောဂါကျရောက်မှုရှိမရှိအမြဲစစ်ဆေးပေးပါ

You

ဆက်စပ်မေးခွန်းများ

မတ်ပဲကို မှိုဆေးဖျန်းပြီးဘယ်နှစ်ရက်နေရင် အားဆေးဖျန်းသင့်လဲ ပိုးသတ်ဆေးကိုဘယ်နှစ်ရက်တစ်ကြိမ်ဖျန်ရင်အကောင်းဆုံးလဲ

ဖြေကြားချက် 2 ခု

တမာ ပိုးသတ်ဆေး ဖြန်းပြီး လေးရက်လောက်မှာ potassium humic ရယ် ငါးအမိုင်နိုရယ် LABရယ် ရောဖြန်းလို့ ရလား သိချင်ပါ...

ဖြေကြားချက် 1 ခု

ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်‌ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ

ဖြေကြားချက် 1 ခု

ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...

ဖြေကြားချက် 2 ခု

ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။