ဖြေကြားချက် ၁ ခု
@tin shwe မုန်ညင်းပင်များ ညှိုးသေခြင်းနှင့် ပင်စည်ရိပုပ်ခြင်းမှာ စိုထိုင်းဆများပြီး ရေဝပ်ခြင်းကြောင့်ဖြစ်သော ပင်စည်ပုပ်/အမြစ်ပုပ် မှိုရောဂါ (သို့မဟုတ်) ဘက်တီးရီးယားအပျော့ပုပ်ရောဂါကြောင့် ဖြစ်တာပါ။ ဘာကြောင့်ဖြစ်လဲသိနိုင်ရန် ပင်စည်ကို ဖြတ်ပြီး ဖန်ခွက်အကြည်တွင် ရေစိမ်ကြည့်ပါ၊ နို့နှစ်ရောင် ဘက်တီးရီးယားစိမ့်ထွက်ရည်များထွက်လာပါက ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ မှိုကြောင့်ဖြစ်ပါက ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သီအိုဖနိတ် မီသိုင်း (Thiophanate-methyl) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးတစ်မျိုးမျိုးကို ပင်စည်ခြေနှင့် မြေကြီးထဲအထိ စိမ့်ဝင်အောင် အမြန်ဆုံး ပက်ဖျန်းပေးရမယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပါက Copper oxychloride, Kasugamycin, Bismerthiazole, Oxolinic acid ဆေးတစ်မျိုးမျိုးကို ဖျန်း ပေးရပါမယ်။ဆေးဖြန်းရုံတင်မကဘဲ ရောဂါပြင်းထန်စွာရနေသော အပင်များကို စိုက်ခင်းထဲမှ နှုတ်ယူမီးရှို့ဖျက်ဆီးခြင်း၊ ရေလောင်းခြင်းကို ခေတ္တလျှော့ချပြီး ရေနုတ်မြောင်းများ ပြုပြင်ပေးခြင်း၊ အပင်ထူထပ်မှုကို လျှော့ချ၍ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးခြင်းတို့ကို တွဲဖက်လုပ်ဆောင်မှသာ ရောဂါကူးစက်မှုကို အမြစ်ပြတ် တားဆီးနိုင်မည်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်လဲသိရအောင် ဖန်ခွက်ရေအကြည်ထဲမှာ ၅မိနစ်ခန့်ရေစိမ်ကြည့်ပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုံပါအတိုင်းဖြစ်နေပါတယ်ဆရာဒီရောဂါအကြောင်းအသေးစိတ်ဆရာအနေနဲ့ဖြေထားပြီးပါပြီ ဖြစ်စအနေထားထပ်ပြီးပြကြည့်တာပါဆရာ
ဖြေကြားချက် 3 ခု
ဘက်တီးရီးယားလား ဆေးလောင်တာလားဆရာခင်ဗျ
ဖြေကြားချက် 7 ခု
ဆရာခင်ဗျဆေးလောင်တာလားဘက်တီးရီးယားလားခင်ဗျကော့ပါး50ဂရမ်ကာဇူကာမိုင်စင်50စီဖြန်းထားပါတယ်သုံးသပ်ပေးပါဦးခင်ဗျ
ဖြေကြားချက် 1 ခု
မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်
ဖြေကြားချက် 2 ခု
စိုက်ခင်းထဲမှာ ပက်ကျိတွေများနေတာ ဘာဆေးနဲ့နှိမ်နှင်းလို့ရနိုင်လဲ တခြားနည်းလမ်းတွေရှိရင်လဲ အကြံပေးကြပါဦးရှင်
ဖြေကြားချက် 1 ခု