အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Mg Seit
Mg Seit 10
လွန်ခဲ့သော ၃ ရက် က · ပန်းတနော်

အစေ့ထုတ်ပြောင်းကြားသီးနှံအနေဖြင့်မတ်ပဲစိုက်လို့ရပါသလား

စိုက်ပျိုးနည်း ပြောင်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 412,246 လွန်ခဲ့သော ၃ ရက် က

@Mg Seit အစေ့ထုတ်ပြောင်းခင်းထဲတွင် မတ်ပဲကို ကြားသီးနှံအဖြစ် တွဲဖက်စိုက်ပျိုးနိုင်ပြီး ၎င်းသည် မြေဆီလွှာနိုက်ထရိုဂျင်ကို တိုးပွားစေကာ အပိုဝင်ငွေရရှိစေသည့် စနစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ သို့သော် အပင်မြင့်ပြီး အရွက်ကြီးသော ပြောင်းပင်များကြောင့် မတ်ပဲပင် အရိပ်မမိစေရန်အတွက် ပြောင်းစိုက်တန်းကို အနည်းဆုံး ၃ ပေမှ ၃ ပေခွဲအထိ ကျယ်ကျယ်စိုက်ပျိုးရန် လိုအပ်ပြီး၊ သီးနှံနှစ်ခုလုံးကို တစ်ပြိုင်တည်း သို့မဟုတ် ပြောင်းပင်ပေါက်ပြီး ၃ ပတ်ထက် နောက်မကျဘဲ မတ်ပဲကို ကြားညှပ်စိုက်ပျိုးရပါမယ်။ ထို့ပြင် ရေစီးရေလာကောင်းမွန်သော မြေဖြစ်ရန်နှင့် ကျရောက်တတ်သော ပိုးမွှားများကို စနစ်တကျ ကာကွယ်ရန် လိုအပ်ပါတယ်။ ငမြောင်တောင်ဆိုးရွားစွာကျလေ့ရှိရင်တော့ အထူးဂရုစိုက်ရန်လိုပါမယ်ခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။