ဖြေကြားချက် ၂ ခု
@ငုဝါ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့၌ မတ်ပဲကို ခုတ်ဖုံးစနစ်ဖြင့် ကြဲပက်စိုက်ပျိုးခြင်းသည် ရာသီဥတုနှင့် မြေဆီလွှာအစိုဓာတ်အရ အလွန်သင့်တော်ပြီး အဆင်ပြေနိုင်ပါတယ်။ နိုဝင်ဘာလဆန်းသည် မိုးပြတ်စပြုပြီး ဆောင်းဦးရာသီ ကူးပြောင်းချိန်ဖြစ်၍ အပင်ကြီးထွားမှုအတွက် လိုအပ်သော အေးမြသည့်ညအပူချိန်ကို ရရှိစေနိုင်သလို၊ ပန်းပွင့်ချိန်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမည့် အန္တရာယ်မှ ကင်းဝေးစေပါတယ်။ သို့သော် အပင်ပေါက်နှုန်းကောင်းမွန်ရန်အတွက် စပါးခင်းအတွင်း မြေဆီလွှာအစိုဓာတ်ရှိနေစဉ် အမှီကြဲပက်ရန် လိုအပ်ပြီး၊ သီးနှံအောင်မြင်ဖြစ်ထွန်းစေရန် စိုက်ပျိုးခြင်းမပြုမီ မျိုးစေ့ကို ရိုင်ဇိုဘီယမ်ဘက်တီးရီးယား ပဲမြစ်ဖုဖြင့် လူးနယ်စိုက်ပျိုးရန် တိုက်တွန်းအပ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲကြဲဖို့ မြေကို ထွန်ယက်တဲ့အခါမှာ ဘယ်နှစက်လောက်မောင်းကြဲရင်ပိုကောင်းလဲဗျ မကြဲခင် တစ်စက်မောင်းပြီး မြေကို ခ...
ဖြေကြားချက် 1 ခု
မတ်ပဲကို ရိုးရိုးကြဲတာနဲ့ လူးနယ်ဆေး ဖြင့်လူးပြီးမှကြဲတာဘယ်ဟာပိုကောင်းလဲဗျ တစ်ဧကကို မျိုးစေ့ဘယ်နှုန်းထားလောင်...
ဖြေကြားချက် 2 ခု
ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေ...
ဖြေကြားချက် 1 ခု
ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်...
ဖြေကြားချက် 1 ခု
ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး
ဖြေကြားချက် 0 ခု