ဖြေကြားချက် ၅ ခု
မနက်ကမှဖျန်းမိထားတာဆိုရင်တော့ သိသိချင်း ရေသီးသန့် ဖျန်းပြီးဆေးကြောပေးနိုင်ရင်ပိုကောင်းတာပေါ့၊ အခုတော့ နောက် ၃ရက်နေရင် အပင်အခြေအနေကြည့်လို့ ပြန်ရှင်နိုင်ခြေရှိရငိအမိုင်နိုအက်ဆစ်ဖျန်းပေးနိုင်ပါတယ်။စက်ဗုံးဖြင့်ရေဖျန်းဆေးချင်ပါက ပုံမှန်အတိုင်း ၆-၇ပုံးလောက်ဆေးကြောလိုက်ပါ။ ပေါင်းသတ်ဆေးဖျန်းထားသည့်ဆေးပုံးကိုတော့ သန့်ရှင်းအောင်အရင်ဆေးကြောပေးပါဦးခင်ဗျာ
@Khant Zayar ဖိုမီ ဆေဖန် (Fomesafen) ဆေးသည် ပဲယင်းပင်အတွက် ခံနိုင်ရည်မရှိဘဲ အရွက်လောင်ခြင်းနှင့် အပင်သေခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် ထိခိုက်မှု ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားပါတယ။ ဆေးဖြန်းပြီးစ ရက်ပိုင်းအတွင်းသာ ဖြစ်ပြီး အပင်များ လုံးဝမသေသေးပါက အပင်ပေါ်ရှိ ဆေးကြွင်းများပြယ်စေရန် ရေအမြန်သွင်းပေးခြင်း သို့မဟုတ် ရေများများဖျန်းပေးခြင်းကို လုပ်ဆောင်ရပါမယ်။ ထို့နောက် ဆေးအဆိပ်သင့်မှုဒဏ်မှ အမြန်ဆုံး ရုန်းထွက်နိုင်ရန် အမိုင်နိုအက်ဆစ် (Amino Acid)၊ ပင်လယ်ရေမှော် (Seaweed extract) ရွက်ဖျန်းမြေသြဇာတို့ကို အမြန်ဆုံး ပက်ဖြန်းကုသပေးသင့်ပါတယ်။ အကယ်၍ ၄-၅ ရက်ကျော်လွန်ပြီး ညွန့်များပါ ပုပ်ခြောက်သွားပါက အခင်းဖျက်၍ အသစ်ပြန်စိုက်ခြင်းကသာ ပိုမိုတွက်ခြေကိုက်ပါလိမ့်မယ်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်နဲ့ပတ်သတ်သောဗဟုသုတများသိခိုပါသည်ာ
ဖြေကြားချက် 1 ခု
ပဲပုပ်က စိုက်ကတာလား မက်ပဲလို့ခုတ်ဖုံးကျဲလို့ရလားဗျ
ဖြေကြားချက် 2 ခု
ယခုကာလပဲးပုပ်စိုက်လိုရသေးလား.နောက်ကျမလား
ဖြေကြားချက် 2 ခု
ကြည့်ပေးပါဘာဆေးဖြန်းသင့်လဲး
ဖြေကြားချက် 1 ခု
ပဲပုပ်တွေ အသီးမတင် အပွင့်မပွင့်ဘဲဖြစ်နေလို့ ဘာလုပ်ရင်ကောင်းပ့မလဲဗျ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ