အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Hnin Nu Wai
Hnin Nu Wai 199
လွန်ခဲ့သော ၄ ရက် က · ဆားလင်းကြီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ဘေးကပါမနက်ဖြန်(၂၂.၁၀.၂၆)နေ့မှာမြေပဲချဖို့လုပ်ထားပေမယ့် ရွာကလူကြီးတွေကမိုးပိမှာစိုးလို့မချသေးနဲ့ဦးလို့ပြောနေကြလို့ပါ မြေပဲကမိုးပိရင်ဘယ်လိုဖြစ်နိုင်လည်းရှင့် ဆွေးနွေးအကြံပြုပေးကြပါဦးရှင့်

စိုက်ပျိုး ဗဟုသုတ မြေပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 409,478 လွန်ခဲ့သော ၄ ရက် က
ဤအဖြေဖြင့် ပြေလည်

@Hnin Nu Wai ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Hnin Nu Wai
Hnin Nu Wai 199 လွန်ခဲ့သော ၄ ရက် က

ကျေးဇူးပါရှင့်

သော်ဇင်
သော်ဇင် 409,478 လွန်ခဲ့သော ၄ ရက် က

@Hnin Nu Wai စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ဘေး ကိုင်းကျွန်းမြေတွင် အောက်တိုဘာ ၂၂ ရက်၌ မြေပဲချရန် ပြင်ဆင်မှုကို ရွာလူကြီးများက မိုးမိပြီး မျိုးစေ့ပုပ်မည်စိုး၍ တားမြစ်ခြင်းမှာ အပင်ပေါက်ခါစ ရေဝပ်ပါက ပုပ်တတ်သဖြင့် ဖြစ်နိုင်ခြေရှိပါတယ်။ သို့သော် မိုးလေဝသခန့်မှန်းချက်အရ မိုးရွာရန် ရာခိုင်နှုန်းနည်းပါကလည်းကောင်း၊ မြေဆီလွှာ အစိုဓာတ် အနေတော်ရှိပါကလည်းကောင်း စိုက်ပျိုးနိုင်ပါတယ်။ မိုးမိခြင်းဒဏ်မှ ကာကွယ်ရန် မြေပဲမျိုးစေ့ကို စိုက်ပျိုးခါနီးတွင် ထရိုင်ကိုဒါးမားသို့မဟုတ် ကာဗင်ဒါဇင် သို့မဟုတ် Thiramကဲ့သို့သော မျိုးစေ့လူးနယ်ဆေးတစ်မျိုးမျိုးဖြင့် စနစ်တကျ လူးနယ်စိုက်ပျိုးခြင်း၊ ရေဝပ်ခြင်းမရှိစေရန် ရေနုတ်မြောင်းများ ကြိုတင်ဖောက်လုပ်ခြင်း သို့မဟုတ် ဘောင်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြင့် မျိုးစေ့ပုပ်မည့်အန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်ခင်ဗျာ။

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။