အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Zaw Min
Ko Zaw Min 261
လွန်ခဲ့သော ၂ ရက် က · ငဖဲ

ကျွန်တော့ ဇီးချို စိုက်ခင်းသည် အပွင့် အားကောင်းပြီး အသီး မကပ်ပဲ အပွင့်ပဲ ကြွေကြနေလို့။ အသီးမတင်တာတခုပဲ အပင်ကတော့ စိမ်းစိုနုဖတ်လို့ ပိုးလဲနိုင်တယ် ဖြန်းထားတဲ့ ဆေးတွေကတော့ ရွက်ဖြန်းအားဆေး ၊ မော်ဒယ်မုန်လ် ၊ စူပါသီး ၊ ပွင့်သီးဥ ၊ ပင်သန်ကြီးထွား ၊ ကယ်ဘိုမဂ် စူပါ ဖြစ်ပြီး မှိုဆေး ၊ ဟေဗင် ဖြစ်ပါတယ် ပိုးသတ်ဆေးကတော့ ၊ ဂန်း ၊ ဘရိတ် ၊ဘက်တား ဖြစ်ပါတယ် ပင်‌ခြေကို 15 ပါတ်လည်ကြွေးထား အသီးမကပ်ဖြစ်နေလို့ အသီးကပ်မဲ့ဆေး ပြောပြပေးပါ ကျေးဇူးတင်ပါတယ်ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
စိုက်ပျိုးစီးပွား ဆီးသီး

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 399,733 လွန်ခဲ့သော ၂ ရက် က

@Ko Zaw Min ကယ်လ်စီယမ်နှသ့် ဘိုရွန်ပါတာကို ပြောတာပါ၊ ပြီးတော့ NPK (0:52:34) ဆိုတာက Nလုံးဝမပါဝင်ဘဲ ဖော့စပရ်ပ်နှင့် ပိုတက်စီယမ်ပါအားဆေးကို ပြောတာပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,121,342 လွန်ခဲ့သော ၂ ရက် က

အပွင့်ပွင့်နေစဉ်၊မိုးမိတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။နောက်အပွင့်တွေ အသီးတင်ဖို့ မနက်ခင်း ဆေးမဖျန်းပါနဲ့။ပျားတွေ ရှိနေရပါမယ်။ဆေးဖျန်းများရင် အပွင့်သီးမတင်ပါ။

Ko Zaw Min
Ko Zaw Min 261 လွန်ခဲ့သော ၂ ရက် က

ကယ်လ်စီယမ် နဲ့ ဘိုရွန် ပါတာကို ပြောတာလား

Ko Zaw Min
Ko Zaw Min 261 လွန်ခဲ့သော ၂ ရက် က

PK (0-52-34) ဆိုတာကဘာလဲဆရာ ကယ်လ်စီယမ် - ဘိုရွန် ဆိုတာက ရော ဘာဆေးလဲ တကယ် နားမလည်လို့ပါ ဖြန်းရမဲ့ ဆေးသိရင်တော့ ဆိုင်မှာ သွားဝယ် ဖြန်းလိုက်မယ် ဆရာ ဖြန်ရမဲ့ ဆေးလေး လမ်းညွန်ပေးပါ ခင်ဗျ

သော်ဇင်
သော်ဇင် 399,733 လွန်ခဲ့သော ၂ ရက် က

@Ko Zaw Min ဇီးချိုပင်များ အပွင့်အားကောင်းပြီး အသီးမတင်ဘဲ ကြွေကျရခြင်းမှာ အပင်အာဟာရဓာတ် မျှခြေမညီဘဲ နိုက်ထရိုဂျင်ဓာတ် (N) လွန်ကဲနေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ တောင်သူဦးကြီးအသုံးပြုထားသော ပင်သန်အားဆေးများနှင့် ၁၅-ပတ်လည်မြေသြဇာများကြောင့် အပင်က စိမ်းစိုနုဖတ်လွန်း ပြီး မျိုးပွားမှုအပိုင်းဖြစ်သော အသီးတင်ခြင်းကို လျစ်လျူရှုကာ အပွင့်များ ကြွေကျကုန်ခြင်းဖြစ်ပါတယ်။ ၎င်းအပြင် အပွင့်ပွင့်ချိန်တွင် ပိုးသတ်ဆေး ပြင်းထန်စွာ ဖြန်းခြင်းက ဝတ်မှုန်ကူးပေးမည့် အင်းဆက်များကို မောင်းထုတ်သကဲ့သို့ ဖြစ်စေတယ်။ ထို့ကြောင့် လက်ရှိ နိုက်ထရိုဂျင်ပါသော အားဆေးအားလုံးကို ချက်ချင်းရပ်တန့်ပြီး အရွက်ကြီးထွားမှုကို ထိန်းချုပ်ကာ အသီးတင်စေမည့် PK (0-52-34) နှင့် ကယ်လ်စီယမ်-ဘိုရွန် တို့ကို ပြောင်းလဲပက်ဖျန်းပေးရပါမယ်။ ဆေးဖြန်းလျှင်လည်း ပျား၊ ပိတုန်းများ ဝတ်မှုန်ကူးချိန်နှင့် လွတ်စေရန် ညနေစောင်းမှသာ ဖျန်းပေးသင့်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။