အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Ko Nyan Myint Win
လွန်ခဲ့သော ၃ ရက် က · မြိုင်

ဆရာတို့ဗျ ခရမ်းချဥ် ပံ ၁၁၁ မျိုးပါ မိုးတွင်းစိုက်ထားတော့ အပင် အားမရဘူးဖြစ်နေတာ အရွက်တွန့်နေတာပါ ငယ်ငယ်က ရေလဲဝင်ထားပါတယ်ဘာလုပ်သင့်လဲ အကြံပေးပါဦးဗျ မြိုင်နယ်ကပါ ခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
ပူ
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 400,619 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@Ko Nyan Myint Win ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Ko Nyan Myint Win
Ko Nyan Myint Win 71 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ကျေးဇူးပါ ဆရာ

သော်ဇင်
သော်ဇင် 400,619 လွန်ခဲ့သော ၂ ရက် က

မွှားပင့်ကူဆိုရင်တော့ကုသနိုင် ခြေတော့ရှိပါတယ်၊ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ မွှားပင့်ကူဆိုရင် Abamectin,Pyridaben, Spiromesifenတို့ သုံးစွဲလေ့ရှိတယ်

Ko Nyan Myint Win
Ko Nyan Myint Win 71 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ဟုကဲ့ ကျေးဇူးပါဗျ ကျနော် မန်ပိုဇက် နဲ့ ဆိုင်မောက်စနေး အရော သုံးထားပါတယ် အရွတ်တွန့်တာက မွှားပင်ကူလဲ တော်တော်ကျနေတာပါ ကုသလို့ရနိုင်သေးလား ဆေးai လေး ညွှန်ပေးပါဦးခင်ဗျ ကျေးဇူးပါဆရာ

သော်ဇင်
သော်ဇင် 400,619 လွန်ခဲ့သော ၃ ရက် က

@Ko Nyan Myint Win ပုံပါ ခရမ်းချဉ်ပင်တွင် မိုးတွင်းရေဝပ်မှုကြောင့် အပင်ခုခံအားကျဆင်းပြီး စောပင်နာကျမှိုရောဂါ (Early Blight) နှင့် စုပ်စားပိုးများကြောင့် ဖြစ်ပွားသည့် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ (Tomato Leaf Curl Virus) တို့ တွဲဖက်ကျရောက်နေပါတယ်။ စောပင်နာကျမှိုရောဂါအတွက် အပင်ခြေရှိ ရောဂါရရွက်ဟောင်းများကို စိုက်ခင်းအဝေး ဖယ်ရှားဖျက်ဆီးပြီး Azoxystrobin + Difenoconazole ပါဝင်သော မှိုသတ်ဆေးကို ပက်ဖျန်းပေးရပါမယ်။ ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်သည့် ယင်ဖြူနှင့် လှေးပိုးများအတွက်စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ Imidacloprid (သို့) Fipronil ကဲ့သို့ စုပ်စားပိုးသတ်ဆေးများကိုသုံးစွဲလေ့ရှိတယ်။ အဝါရောင်ကော်စေးထောင်ချောက်များလည်းသုံးစွဲလေ့ရှိတယ်။ ထို့ပြင် အမြစ်များ လေဝင်လေထွက်ကောင်းစေရန် အပင်ခြေမြေဆွပေးပြီး အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ကို အနည်းလိုအဟာရ ရွက်ဖျန်း အားဆေးဖြင့်တွဲပက်ဖျန်းပေးခြင်းဖြင့် အပင်ကို အားပြန်ဖြည့်ပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။