အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 723
လွန်ခဲ့သော ၁ ရက် က · ထန်းတပင်

အပင်အထနှေးတဲ့မတ်ပဲကိုဆေးဆိုင်က ဆာလ်ဖာ၈၀%ပါတဲ့ဟာဘဲဖျန်းခိုင်းနေတယ် အမိုင်နိုအက်စစ်တို့ကအပင်မတက်ဘူးလာ ဆာလ်ဖာကတကယ်ဘဲ အပင်ကိုအထမြန်စေတာလား

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 394,433 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

@Sawsamson တောင်သူဦးကြီး မေးထားသလို "ဆာလဖာ (Sulfur) ဟာ အပင်ကို တကယ်ပဲ အထမြန်စေသလား" ဆိုတဲ့အချက်ကို အရင်ဆုံး ဖြေရရင် ဟုတ်ပါတယ်၊ အပင်ကြီးထွားမှုကို တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ကောင်းမွန်စေပါတယ်။ဆာလဖာ (Sulfur 80%) သည် မတ်ပဲအပင်၏ ပရိုတင်းနှင့် ကလိုရိုဖီး (အစိမ်းရောင်ဓာတ်) ထုတ်လုပ်မှုကို တိုက်ရိုက်မြှင့်တင်ပေးသဖြင့် အပင်အထနှေးခြင်းကို အလျင်အမြန် ရုန်းထကြီးထွားစေပါတယ်။ သတ်မှတ်ပမာဏအတိုင်း စနစ်တကျသုံးပါက အမြစ်နုနှင့် အမြစ်အဖုများကို လုံးဝမထိခိုက်စေသည့်အပြင်၊ အပင်၏ နိုက်ထရိုဂျင်စုပ်ယူမှုကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ သို့သော် အပင်အထ နှေး နေခြင်းမှာ မြေဆီလွှာအစိုဓာတ်နှင့် ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သဖြင့် ဆာလဖာ သီးသန့်ဖျန်း ပေးခြင်းအပြင် အမိုင်နိုအက်ဆစ်ပါဝင်သော ရွက်ဖျန်းအားဆေးကိုပါ နိုက်ထရိုဂျင်ပါဝင်မှု မြင့်မားသောNPK ရွက်ဖျန်းအားဆေးဖြင့်သော် လည်းကောင်း၊ အနည်းလို အဟာရ Ca,B,Zn တို့ဖြင့် လည်းကောင်းပက်ဖျန်းပေးရန်လည်း လိုအပ်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။