အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 604
လွန်ခဲ့သော ၂ ရက် က · ထန်းတပင်

ဆာလ်ဖာ၈၀% နဲ့ECလိုဆေးမျိုးနဲ့ရောဖျန်းလို့ရလား ဆိုင်ကပေးလာတာ ဆာလ်ဖာနဲ့ မှိုဆေးECဆေးရောဖျန်းခိုင်းပါတယ်

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 385,589 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

ဆာလ်ဖာ ၈၀% (Sulfur) ဆေးနှင့် အဆီအခြေခံသော EC ဖော်မြူလာဆေးများကို ရောစပ်ဖျန်းပါက ဓာတုဓာတ်ပြုမှု ဖြစ်ပွားပြီး မတ်ပဲပင် အရွက်များ လောင်ကျွမ်းခြင်း နှင့် အပင်နာခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် ယေဘုယျအားဖြင့် အတူတူရောမဖျန်းသင့်ပါဘူး။ အထူးသဖြင့် ပတ်ဝန်းကျင်အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်အထက်ရှိသော နေ့လယ်ဘက် နေပူပြင်းချိန်များတွင် အရွက်လောင်နိုင်ခြေ ပိုမိုမြင့်မားပါတယ်။ ထို့ကြောင့် ဆေးဆိုင်က ပေးလိုက်သောဆေးများကို အသုံးမပြုမီ ရေခွက်အကြည်တစ်ခုထဲတွင် အနည်းငယ်စီထည့်ကာ အနယ်ထိုင်ခြင်း၊ ခဲသွားခြင်း ရှိမရှိ (Jar Test) အရင် စမ်းသပ်စပ်ကြည့်သင့်ပါတယ်။ ဆေးအရည်ပျော်မှု ပုံမှန်ဖြစ်ပါကလည်း ပဲခင်းထဲရှိ အပင်အနည်းငယ်တွင် ၄၈ နာရီခန့် အရင်စမ်းဖျန်းကြည့်ပါ။ အန္တရာယ် အကင်းဆုံး ဖြစ်စေရန်အတွက်ကတော့ ဆေးနှစ်မျိုးကို တစ်ပြိုင်နက်တည်း မရောဘဲ (၃) ရက်မှ (၅) ရက်ခန့် ခြားပြီး သီးခြားစီ ခွဲဖျန်းပေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်ခင်ဗျာ၊ရောစပ်မဖျန်းဖို့ထပ်မံတိုက်တွန်းပါရစေခင်ဗျာ

Sawsamson
Sawsamson 604 လွန်ခဲ့သော ၁ ရက် က

@U Mg Mg Htwe အဆီအခြေခံECမှိုဆေးပါ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 219,107 လွန်ခဲ့သော ၁ ရက် က

ဆိုင်ကပေးတဲ့ EC ဆိုတာဆေးလားရေပျော်ကော်ကပ်ဆေးလားဆိုတာဖတ်ကြည့်ပါကော်ဆိုပါကဆေးမဟုတ်ဘဲကန်းကိုအပင်မှာစွဲအောင်ပြုလုပ်ပေးသောဆေးအာနိသင်မရှိတဲ့ကပ်ဆေးသာဖြစ်ပါတယ်ECကမှိုသတ်ပိုးသတ်ဆေးဆိုပါကကန့်နဲ့ရောမဖြန်းပါနဲ့လိူ့အကြံပေးလိုပါတယ်

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။