အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Sawsamson
Sawsamson 604
လွန်ခဲ့သော ၂ ရက် က · ထန်းတပင်

Lufenuron 5% ပါတဲ့ဆေးကလှေးပိုးကိုသေစေနိုင်လားလှေးပိုးရဲ့ဥရောကန်းစေနိုင်လား

စိုက်ပျိုးနည်း မတ်ပဲ

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 385,589 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

@Sawsamson Lufenuron 5% အာနိသင်ရှိသော ပိုးသတ်ဆေးသည် မတ်ပဲတွင် ကျရောက်တတ်သော Thrips (လှေးပိုး) ၏ ဥများနှင့် အကောင်ပေါက်ကလေးများကို အရေခွံလဲ၍မရအောင် လုပ်ဆောင်ပြီး ထိရောက်စွာ နှိမ်နင်းနိုင်စွမ်း ရှိပါတယ်။ သို့သော် ၎င်းဆေးသည် ပိုးကောင်ကြီးများကို တိုက်ရိုက်ချက်ချင်းသေစေနိုင်သော ပင်လုံးပြန့်အာနိသင် မရှိသည့်အပြင် လှေးပိုးများသည် အဖူးအပွင့်ထဲတွင် ပုန်းအောင်းနေတတ်သဖြင့် ဆေးဖျန်းရာတွင် အပင်အနှံ့ ထိမိရန် လိုအပ်ပါတယ်။ ထို့ကြောင့်စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ လှေးပိုးကျရောက်မှု ပြင်းထန်ပါက ဆေးအာနိသင် ပိုမိုမြန်ဆန်ထိရောက်စေရန်အတွက် ဥဖျက်ဆေး Lufenuron ကို အကောင်ကြီးသတ် ပင်လုံးပြန့်ဆေးများ ဖြစ်ကြသော Imidacloprid (သို့မဟုတ်) Emamectin benzoate ကဲ့သို့သော ဆေးတစ်မျိုးမျိုးနှင့် တွဲစပ်ပက်ဖျန်းသုံးစွဲလေ့ရှိတယ်။

မောင်မော်
မောင်မော် 134 လွန်ခဲ့သော ၂ ရက် က

ဖစ်ပရိုနေး ကိုပိုကြိုက်တယ်။ 50cc လောက်တော့သုံးရတယ်။

Agko Htet
Agko Htet 37 လွန်ခဲ့သော ၂ ရက် က

လှေးအတွက်ဆိုရင် ဖီပရိုနေးAiကိုသုံးဗျ ၃ရက်ခြားပြီး ၂ကြိမ်လောက်ဖြန်းပေး

You

ဆက်စပ်မေးခွန်းများ

မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်း​ေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ...

ဖြေကြားချက် 7 ခု

မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့...

ဖြေကြားချက် 6 ခု

အေဇိုတက်မှိုသတ်ဆေးဝယ်လာတာ ဒိတ်၆လလောက်သက်တမ်းကျော်နေလို့ဖျန်းလို့ရသေးလား အနိသေရှိသေးလားဖျန်းရင် မတ်ပဲကိုထိခိုက်...

ဖြေကြားချက် 1 ခု

ဆာလ်ဖာ၈၀% နဲ့ECလိုဆေးမျိုးနဲ့ရောဖျန်းလို့ရလား ဆိုင်ကပေးလာတာ ဆာလ်ဖာနဲ့ မှိုဆေးECဆေးရောဖျန်းခိုင်းပါတယ်

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။