ရွှေဘိုဘေးကျားလေးဖြုန်းဖို့ပါ ဘယ်နရက်သားနဲ့ဖြုန်းရင် ပိုထိရောက်ပါသလဲခဗျာ
ပုံပါ ရွှေနဂါး စပါးပွင့်သီးတင် (0-52-34) သည် ဖော့စဖရပ် ၅၂% နှင့် ပိုတက်စီယမ် ၃၄% ပါဝင်သော ရွက်ဖျန်းမြေဩဇာ ဖြစ်တယ်။ ရွှေဘိုပေါ်ဆန်း ဘေးကြားစပါးများတွင် သက်တမ်းရက်စွဲအတိအကျထက် စပါးပင်ကြီးထွားမှုအဆင့်အလိုက် (၂) ကြိမ် ဖြန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်တယ်။ ပထမအကြိမ်အဖြစ် စပါးနှံစရှည်ပြီး နှံထွက်ညီစေရန် စပါးမှို့ကပ်ချိန် တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အစေ့အဆံပြည့်ဝအောင်ပြီး အဖျင်းနည်းစေရန် စပါးအနှံစုံ ပန်းပွင့်ပြီးချိန် (နို့ရည်တည်စအချိန်) တွင်လည်းကောင်း ဖြန်းပေးရပါမယ်။ ဆေးထုပ်ပါ နှုန်းထားဖြင့် နေအေးချိန် (နံနက်စောစော သို့မဟုတ် ညနေစောင်း) တွင် ဖြန်းပေးရန် လိုအပ်ပါတယ်
ဆက်စပ်မေးခွန်းများ
#တောင်ယာစပါး မျိုးစေ့ ရောင်းဝယ် နေရာ စိုက်နည်း ပေါင်းဆေး အားဆေး အော်ဂဲနစ် ဘယ်အမျိုးက ဘယ်နေရာနဲ့သင်တော်လဲဆိုဒါ...
ဖြေကြားချက် 3 ခု
စပါးခင်း ဘာရောဂါကျနေတာလဲဗျ ဘာဆေးပက်ရမလဲ
ဖြေကြားချက် 2 ခု
စပါးပြီးတော့ ဘာသီးနှံတွေ စိုက်ကြဖို့ စိတ်ကူးထားကြလဲဗျ?
ဖြေကြားချက် 3 ခု
ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 1 ခု
စပါးပင်တွေတခင်းလုံး အလိုအပြောက်ပြာက်တွေဖစ်နေလို့ ဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။