အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Thiha
Thiha 345
လွန်ခဲ့သော ၁ ရက် က

မတ်ပဲ ကျဲပြီး 7 ရက်သား ရှိပါပြီ 1.စပါးခွံ ပေါင်းခံရည် ဖြန်းသင့်ပါသလား အကျိုးအပြစ် သိချင်ပါတယ်ခင်မျ တကယ်လို့ ဖြန်းရရင် ပဲဘယ်အရွယ်မှာ ဘယ်လောက်ဖြန်းသင့်သလဲ 2.မကြဲခင် 10ရက်ခန့် စောပြီး ပေါင်းကြမ်းဆေး(glyphosate)ဖြန်းခဲ့ပါတယ် ခု ပဒေါ်လို ပေါင်းနဲနဲကျန်ပြီး ‌ခြွေလှေ့ကျတဲ့ စပါးတစ်ချို့ ပြန်ပေါက်လာပါတယ် (13/14မိုးရွာပါတယ်) ပေါင်းဆေးထပ်ဖြန်းသင့်လား ဖြန်းရင် ဘယ်လိုဆေးမျိးဖြန်းရမလဲ သိချင်ပါတယ်ခင်မျ

အပင်အာဟာရ မတ်ပဲ
Post image
Post image

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 380,063 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ပေါင်းသတ်ဆေး ဖြန်းပြီးနောက် ပဲပင်အာဟာရအတွက် ငါးအမိုင်နို ဖြန်းလိုပါက အနည်းဆုံး ၅ ရက်မှ ၇ ရက်ခန့် ခြားပြီးမှ ဖြန်းသင့်ပါတယ်။ အကယ်၍ ပဲခင်းထဲတွင် ပေါင်းဆေးကြောင့် ပဲပင်များ အဝါရောင်သန်းခြင်း၊ ကြီးထွားမှုတန့်ခြင်း စသည့် ဆေးဒဏ် မိပါက အပင်နာသက်သာစေရန် ၇ ရက်မှ ၁၀ ရက်ခန့်အထိ စောင့်ဆိုင်းပြီးမှ ဖြန်းပေးရပါမယ်။ ဆေးနှစ်မျိုးလုံးကို လုံးဝရောမဖြန်းရပါဘူး။ ပေါင်းဆေးဖြန်းပြီး ချက်ချင်း ငါးအမိုင်နို ဖြန်းမိပါက ပေါင်းပင်များပါ အားကောင်းလာပြီး ပေါင်းဆေးအာနိသင် ပျက်ပြယ်သွားနိုင်သဖြင့် ရက်ခြားဖြန်းရန် အထူးအရေးကြီးပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည် အမှန်ခြစ်၍ သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ဖြိုးဝေစိုး
ဖြိုးဝေစိုး 23,570 လွန်ခဲ့သော ၁ ရက် က

ပဲခူး အနောက်ဘယ်မြို့နယ်မှာနေလဲကိုသော်ဇင်

Thiha
Thiha 345 လွန်ခဲ့သော ၁ ရက် က

ဟုတ်ကဲ့ ကျေးဇူးပါ ခင်မျာ

Thiha
Thiha 345 လွန်ခဲ့သော ၁ ရက် က

ပေါင်းဆေးဖြန်းပြီးလျင် ငါးအမိုင်နိုဖြန်းရန် ရက်ဘယ်လောက်ခြားရမလဲ ခင်မျ

သော်ဇင်
သော်ဇင် 380,063 လွန်ခဲ့သော ၁ ရက် က

မတ်ပဲ ၇ ရက်သားမှာ စပါးခွံပေါင်းခံရည်ကို လုံးဝမဖြန်းသင့်သေးပါဘူး။ ၎င်းသည် အက်စစ်ဓာတ်ပါဝင်၍ အပင်နုချိန်တွင် အရွက်လောင်တတ်သဖြင့် အပင်သက်တမ်း ၂၀-၂၅ ရက်သား ရောက်မှသာ ရေ ၄ ဂါလံလျှင် ၄၀-၅၀ စီစီနှုန်းဖြင့် ပိုးမွှားနှင့်မှိုရောဂါကာကွယ်ရန် ဖြန်းသင့်တယ်။ ပေါင်းဆေးကိစ္စအတွက်မူ မိုးရွာပြီးနောက် ပြန်ပေါက်လာသည့် စပါးပင်နှင့် မြက်ပင်များကို သတ်ရန် ပေါင်းဆေးထပ်ဖြန်းသင့်ပါတယ်။ မတ်ပဲကို မထိခိုက်ဘဲ စပါးနှင့်မြက်ကိုပဲ ရွေးချယ်သတ်နိုင်သော Quizalofop-p-ethyl (သို့မဟုတ်) Haloxyfop-R-methyl ဆေးကို ပဲသက်တမ်း ၁၅-၂၀ ရက် (မြက် ၃-၅ ရွက်ရှိချိန်) တွင် ဆေးဗူး၊ထုပ်ပါနှုန်းအတိုင်း စနစ်တကျ ဖြန်းပေးရပါမယ်။ ပေါင်းနှင့်စပါးပင်များပေါက်ရောက်တာများလား များပါကဆေးဖျန်းပေးပါခင်ဗျာ

You

ဆက်စပ်မေးခွန်းများ

ဂျစ်ပဆမ်ကျောက်မှုန့် က ဘာကိုပြုလုပ်ထားတာလဲ ဘယ်လိုအကျိုးအာနိသင် ရှိချင်ပါတယ်ခင်ဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ၂၀ရက်သားကိုပေါင်းသတ်ဆေးဖျန်းပြီးပါပြီ မှိုဆေးအရင်ဖျန်းရမလားအားဆေးအရင်ဖျန်းရမလား ဘာမှိုဆေးဖျန်းသင့်လဲ

ဖြေကြားချက် 3 ခု

မတ်ပဲ စိုက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ငါးအမိုင်နိုဖြန်းသင့်ပါသလဲခင်မျ ပြီး ဘယ်လောက်ပမာဏ သုံးသင့်လဲပေါ့ LAB လက်...

ဖြေကြားချက် 5 ခု

မတ်ပဲပင်မှာ ပေါက်လေ့ရှိတဲ့ မြက်နီပင်ကို ဘယ်လိုရှင်းပစ်ရမလဲ ဘာဆေးနဲ့ဖြန်းရမလဲဗျ

ဖြေကြားချက် 1 ခု

မတ်ပဲ ၁၅ရက်မှာ ပဲကောင်းပေါင်း​ေသဖြန်းပြီး အားဆေးဖြန်းမယ် ပြီးရင် မန်ကိုဇက်မှိုဆေးဖြန်းမယ် ရက်ခြားပြီး ဘီတာစီ...

ဖြေကြားချက် 7 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။